The US special representative and policy coordinator for Burma, Derek Mitchell, will begin his first trip to Burma on September 9. During the visit he will meet top government and opposition leaders, including Aung San Suu Kyi, the US State Department announced Tuesday.
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉)ရက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရတာဝန်ရှိသူများကို နေပြည်တော်
တွင် သွားရောက်တွေ့ဆုံခဲ့သည်။
Mr. Derek Mitchell သည် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်
မြင့်နှင့် ပထမဆုံး တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့အား ဆက်လက် တွေ့ဆုံခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ “သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့် ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပဒေပြုပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။
နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီး ဆက်ဆံလိုတဲ့ကိစ္စတွေ ရှိကြတယ်လို့ ပြောဆိုခဲ့ပါတယ်။
Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်သည်။ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။