Sunday, September 11, 2011

ဧရာဝတီ ချစ်သူများအဖွဲ့မှ လှုပ်ရှားမှု

မြန်မာပြည်သည် ဒို့ပြည်
မြန်မာမြေသည် ဒို့မြေ
မြန်မာရေသည် ဒို့ရေ

ဧရာဝတီသည် မြန်မာတို့၏ အမျိုးသားထုတစ်ရပ်လုံးပိုင် အမွေအနှစ်ဖြစ်သည်အားလျှော်စွာ မြန်မာပြည်
မြေပုံမှ ဧရာဝတီမြစ် ပပျောက်ခြင်း တိမ်ကောပျက်စီးခြင်း အလျဉ်းမရှိစေရေးအတွက် ကျွန်တော်တို့ ဧရာဝတီ ချစ်သူများအဖွဲ့မှ ယင်းဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်သောအားဖြင့် Save the Irrawaddy စာတန်းနှင့် မြစ်ဆုံစီမံကိန်း ကြက်ခြေခတ်(ရှေ့ဘက်ခြမ်းရင်ဘက်)ပါ တီရှပ်အဖြူများ ၊ save the irrawaddy စာတန်းပါ စတစ်ကာများ ကို မြန်မာ ပြည်သူလူထုများအတွင်း သို့ ၄.၉.၂၀၁၁ ရက်နေ့မှ စတင်၍ တဖြည်းဖြည်းဆက်တိုက် ဖြန့်ဝေခဲ့ပါသည်.။ ဖြန့်ဝေသော နေရာများမှာ မြစ်ကြီး နားမြို့၊ပြည်မြို့ ၊ဧရာဝတီတိုင်း ဒေသအချို့၊သန်လျင် ၊မန္တလေး မြို့၊ မြစ်ကြီးနားဟောပြောပွဲ ၊မင်္ဂလာဒုံ ၊ တောင်ဒဂုံ ၊တာမွေ၊ မြောက်ဥက္ကလာ ၊မြောက်ဒဂုံမြို့နယ်များ နှင့် ၁၀.၉.၂၀၁၁ ရက်နေ့တွင် မင်္ဂလာဒုံ ဥယာဉ်မြို့တော် မဟာဂန္တရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သော ဇမ္ဗုသီရိပရဟိတစာပေဟောပြောပွဲ၌  မင်္ဂလာဒုံက ကိုတာ မောင်စိန်ဝင်း ပုတီးကုန်း ဦးထွန်းလွင် တို့ ဟောပြောပွဲတွင် သွားရောက်ဖြန့်ဝေခဲ့ပါသည်.။