ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့တွ င် International Center for Not-for-profit Law (ICNL) က ကြီးမှူးကျင်း ပသော လူထုအခြေပြုအဖွဲ့အစည်းများ ဥပဒေရေးရာ ကမ္ဘာလုံးဆိုင်ရာညီလာခံ (Global Forum on Civil Society Law) တွင် NLD ကိုယ်စားပြု ပါဝင်တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဗဟိုဥပဒေ
အထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းဟန်နှင့် ရှမ်းပြည်နယ်စည်းရုံးရေးကော်မတီမှ ပြည်နယ်ဥပဒေ အထောက် အကူပြုအဖွဲ့ဝင် ဒေါ်မြမဉ္စူတို့အား အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးတင်ဦးကအ ဖွဲ့ ချုပ်ဌါနချုပ်ရုံး အပေါ်ထပ်အစည်းအဝေးခန်းမတွင် သြဂုတ်လ(၂၆)ရက်နေ့ မွန်းလွှဲ၂နာရီက လက်ခံတွေ့ဆုံသည်။
ညီလာခံမှပြန်လည်ရောက်ရှိလာသူများ က ညီလာခံ အတွေ့အကြုံများကို ပြန်လည်တင်ပြသည်။ ညီလာခံကိုစတော့ဟုမ်းမြို့တွင် သြဂုတ်လ(၂၁)ရက်မှ (၂၃)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ် သည်။ ဦးသိန်းဟန်နှင့်ဒေါ်မြမဉ္စူတို့သ ည် သြဂုတ်လ(၁၆) ရက်နေ့တွင်ညီလာခံတက်ရောက်ရန် ထိုင်းနိုင်ငံမှတ ဆင့်ဆွီဒင်နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး သြဂုတ်လ(၂၅)ရက်တွေင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ ယင်းညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ညီလာခံမှပြန်လည်ရောက်ရှိလာသူမျာ
ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုမိန့်ခွန်းပေးပို့ခဲ့သည်။

