Friday, August 26, 2011

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အီလက်ထရောနစ်ပုဒ်မအရ ထောင်ဒဏ် ၁၀ နှစ် မတရားချမှတ်

 ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အထူးရဲသတင်းတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က  ဖမ်းဝရမ်း မပါဘဲ  တောင်ဒဂုံနေအိမ်မှ ဖမ်းဆီးကာ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားခဲ့သည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ 
၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့်လူမှုရေးလုပ်ငန်း များ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သည်။

ဗိုလ်ကြီးနေမျိုးဇင်ကို အင်းစိန်မှာ အွန်လိုင်းသုံးစွဲတဲ့အတွက် အီလက်ထရောနစ်ပုဒ်မအရ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။အမှုချတဲ့အချိန်မှာမိသားစုဝင်၂ယောက်သာပေးဝင်ခဲ့တယ်လို့သိရပါတယ်။သူ့ကိုချတဲ့ 
တရားသူကြီး ကတော့ ဦးခင်မောင်ဖြစ်ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားလွတ်ပေးဖို့ ညှိနှိုင်းနေတဲ့ အချိန်မှာ ဒီလို ကိစ္စမျိုးတွေက အပြုသဘောဆောင်တဲ့ အရာတွေမဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက 
ဝေဖန်လျှက်ရှိပါတယ်။