မနေ့ ကကျင်းပတဲ့ စတုတ္ထနေ့မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မနေ့ကတင်ပြထားတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်တဲ့ အဆိုကို ဆက်လက် ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့နောက် ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို သမ္မတဆီတင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဆိုကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပြင် ပြည်ပရောက်
မြန်မာနိုင်ငံသား တွေ နေရပ်ပြန်လာတဲ့အခါ အကာအကွယ်ရစေဖို့အတွက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ် တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဆိုကိုတင်ပြရာမှာ ဦးသိန်းညွှန့်က ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာထုတ်ပြန်တဲ့ တော်လှန်ရေးကောင်စီ ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ၁၉၈၀ ခုနှစ် မေလ ၂၈ ရက်မှာထုတ်ပြန်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ နိုင်ငံတော်ကောင်စီက ထုတ်ပြန်တဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကိုလည်း ကိုးကားတင်ပြခဲ့ ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ကန့်ကွက်မယ့်သူလည်း မရှိဘူး၊ အားလုံးကထောက်ခံတဲ့အတွက်ကြောင့်
ပြည်ထဲရေးဝန်ကြီးကနေ သမ္မတကိုတင်ပြီးတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကလည်း မှာကြားသွားတယ်ပါတယ်။ ရာနှုန်းပြည့်ထောက်ခံတယ်လို့ ပြောလို့ရပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများထဲတွင် သံဃာတော်များ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမင်းဇေယျာ ကိုဌေးကြွယ် ကိုဂျင်မီ စသည့်ကျောင်းသားခေါင်းဆောင်များနှင့် ဦးခွန်ထွန်းဦး ဦးဆိုင်းညွန့် လွင် စသည့်တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းပြည်၏အကျိုးကိုမျှော်ကိုး၍ အမှန်တရားများကို ဖေါ်ထုတ်ခဲ့ရာ မတရားသောဥပဒေများဖြင့်
ဖမ်းဆီးထိမ်းသိမ်းခံနေရသူများဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ
ပြန်လွှတ်ပေးရန် လွှတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော် သမတကြီးဆီတင်ပြရခြင်းဖြစ်ပေသည်။
ထို့ ကြောင့် သမတကြီး၏ မိန့် ခွန်းတွင် ပြောကြားခဲ့သော ခေတ်ပြောင်းနေပြီဖြစ်သည့်အတွက် စနစ်ကိုပါ
ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များကို ပြုလုပ် ရမည်ဖြစ်သည်။မူလအခွင့်အရေးများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ဆောင်ပေးနိုင်ရေး၊
ဥပဒေများကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး၊ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ဆိုခဲ့သည်။
ကြိုးနီစနစ် စွဲကိုင်ထားသူများနှင့် အဂတိလိုက်စားနေမှုများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတကြီးကပြောကြားခဲ့ပါသည်။
အပြောနှင့် အလုပ်လက်တွေ့ ကျဖို့ တော့လိုပါတယ်။ပြုပြင်ပြောင်းလဲလိုစိတ် ရှိနေသောသမတကြီးအဖို့ 
ပြည်သူလူထုစိတ်ကျေနပ်မှု၊ ပြည်သူလူ ထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ရာမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူတဲ့ အစိုးရတရပ်ဖြစ်အောင် ကြိုးစားချင်တဲ့ သမတကြီးက အကောင်အထည်ဖေါ်လက်တွေ့ ပြတဲ့အနေနဲ့  နိုင်ငံရေးအကျဉ်း
သားများ လွှတ်ငြိမ်းချမ်းသာခွင့်ကို ပေးခြင်း အားဖြင့် “ပဉ္စမ မဏ္ဍိုင် ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို အလေးထားရမယ်” ဟုသမတကြီးမိန့် ခွန်း၏အဆိုအတိုင်း ရှေ့ ဆက်လျှောက်ရမည့် ပြည်
တွင်းငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများရရှိလာနိုင်ပြီး
သားများ လွှတ်ငြိမ်းချမ်းသာခွင့်ကို ပေးခြင်း အားဖြင့် “ပဉ္စမ မဏ္ဍိုင် ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို အလေးထားရမယ်” ဟုသမတကြီးမိန့် ခွန်း၏အဆိုအတိုင်း ရှေ့ ဆက်လျှောက်ရမည့် ပြည်
တွင်းငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများရရှိလာနိုင်ပြီး
တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်းပါဝင်လာကြမည့်သူများလည်း ထွက်ပေါ်လာမည်ဖြစ်ပါသည်။
