Friday, August 26, 2011

ပညာဒါနဗေဒါ သင်တန်းကျောင်း သင်တန်းဆင်းပွဲ အခမ်းအနား

၂၀၁၁-၈-၂၅
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် (၁၆) ရပ်ကွက် သုမနလမ်းမှာ လူငယ် ကွန်ယက်က အခမဲ့ ဖွင့်လှစ် ပို့ချနေတဲ့ ပညာဒါနဗေဒါ သင်တန်းကျောင်း သင်တန်းဆင်းပွဲ အခမ်းအနား ကို သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင်ကျင်းပပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ် အမူဆောင်အဖွဲ့ဝင် ဦးအုံးကြိုင်၊ ရန်ကုန်တိုင်း တာဝန်ခံ ဦးစောနိုင်းနိုင်း ၊အထွေထွေအတွင်းရေးမှူး ၏ ရုံးအဖွဲ့မှူး ဦးဝင်းထိန် ၊ ကိုဖြိုးမင်းသိန်း ၊ ကိုမျိုးရန်နောင်သိန်း နဲ့ သင်တန်းသား/သူ စုစုပေါင်း ၅၀ ခန့် တက်ရောက်ကြပါတယ်။ သင်တန်းသား/သူ အများစုမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ ၊ မိုးကောင်းမြို့ ၊နမ္မတီ မြို့ အဖွဲ့ချုပ် အဖွဲ့ဝင် နှင့် ကွန်ယက်အဖွဲ့ ၀င်များ ဖြစ်ကြပါတယ်။
သင်တန်းဆင်းပွဲမှာ ဒုတိယဥက္ကဌ ဦးတင်ဦး နဲ့ ကျောင်းဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့် တို့ က အမှာစကား ပြောကြားကြပြီး ဦးအုံးကြိုင် ၊ဦးစောနိုင်းနိုင်း ၊ ဦးဝင်းထိန် ၊ ဗေဒါကျောင်းအုပ်ချုပ်ရေးမှူး ဦးကိုကိုမြင့် တို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြပါတယ်။ သင်တန်းမှာ ပို့ချ တဲ့ ဘာသာရပ်
တွေကတော့ သဘာဝမြေဆီသုံးစိုက်ပျိုးနည်း ၊သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနည်း ၊နိုင်ငံတကာ ဆက်ဆံရေးမိတ်ဆက် ၊တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိုနှိုင်း အဖြေရှာခြင်း အတတ်ပညာ စသည် တို့ဖြစ်ပါတယ်။ သင်တန်းသား/သူ များကိုယ်စား သင်တန်းသား ကိုအောင်ဇေယျ နဲ့ သင်တန်းသူ မတင်ဆန်း တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကချင်ပြည်နယ် အတွင်းရှိ လူငယ်များ အကြား ဆင့်ပွား သင်တန်းများ စီစဉ် ပို့ချ သွားမည် ဖြစ်ကြောင်းကတိပြုကြပါတယ်။