Saturday, August 27, 2011
လစ်ဗျားအောင်ပွဲနဲ့ အာဏာရှင် ကဒါဖီး မြေအောက်သို့  ထွက်ပြေးတိမ်းရှောင်
 လွတ်လပ်မှုကိုတောင်းဆိုနေသည့် ပြည်သူများ
ချူနီးရှားနယ်စပ်ဒေသတွင် ကဒါဖီးကို ရှာဖွေ
ပြည်သူ့ ကော်မတီ ယာယီအစိုးရကို ထရစ်ပိုလီသို့ ပြောင်းရွှေ့ 
ထွက်ပြေးတိမ်းရှောင်နေသော ကဒါဖီး၏ ခြေရာကိုရှာဖွေနေ
၂၀၁၁-၈-၂၆
ကာတဖြေးဖြေးနှင့် မြို့ တော် ထရစ်ပိုလီသို့ ရောက်အောင်တိုက်ခိုက်ပြီး မြို့ တော်ကို သိမ်းပိုက်ထားကာ ပြည်သူ့ ကော်မတီ ယာယီအစိုးရကို ထရစ်ပိုလီသို့  ပြောင်းရွှေ့ ခဲ့ပါသည်။ ယခုအခါ ထရစ်ပိုလီမြို့ တော်ကို လေးဘက်လေးလံ  ပိတ်ဆို့ ထားပြီး ကဒါဖီး နေအိမ်နှင့် သူရှိနိုင်သောနေရာများကို ရှာဖွေနေကြတယ်လို့  သိရပါတယ်။ ကဒါဖီး အိမ်အတွင်းမှ မြေအောက်ခန်းတွင်ထားရှိသော စက်သွယ်ရေးကရိယာများ လက်နက်များ ကျဉ်ဆံများ တန်ပိုး ကြီးသော ပစ္စည်းများ သိမ်းဆည်းရရှိပါတယ်။ 
ကဒါဖီး ထွက်ပြေးထိမ်းရှောင်နေပြီး ရှိနိင်ဖွယ်ရှိသည့် နေရာများနှင့် ဆီရီးယားနယ်စပ်ဒေသတို့  ကို 
ပက်ဆိတ်တိုက်ရှာဖွေနေကြပါတယ်။ ကဒါဖီးကို သတင်းပေးသူကို ဆုငွေချီးမြင့်မည်ဟု ထုတ်ပြန်ထားပြီး 
ယာယီအစိုးရအနေဖြင့် ထရစ်ပိုလီတွင်အခြေစိုက်ပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျှက်ရှိသည်။
အာဏာရှင် ကဒါဖီး နောက်ဆုံးတော့ ပြည်သူ့ အင်အားကို ကျော်ဖြတ်နိုင်ဖို့ မဖြစ်
တော့တဲ့အတွက်မြေအောက်လျှိုးဝင် ပုံးအောင်းနေရတဲ့အနေဖြစ်နေပါပြီး(အီရပ်က အာဏာရှင် ဟူစိန်)အတိုင်းနောက်ဆုံးတော့ ကြိုးစင်တင်ခံရတော့မည့် အနေအထားကိုရောက်ရှိနေပါပြီ ပြည်သူရဲ့ ဒါဏ်ခတ်မှုကိုခံရတော့မည်
ဖြစ်သသည်။လက်ရှိသတင်းအရ တန်ဖိုးကြီးသော ကား၆စီးဖြင့် တာဝန်ရှိသူများနှင့် အာဂျီရီးယားသို့  ထွက်ပြေးလာသည်ဟု သတင်းများထွက်ပေါ်နေသည်။
ငြိမ်းချမ်းရေးကိုမလိုလားတဲ့ အာဏာရှင်များအဖို့  သင်ခဏ်းစာယူချိန်ရောက်နေပါပြီ အချိန်တန်ရင်တော့ ပြေးလို့ မလွှတ်ပါ မကြာခင် လက်တွေ့ မြင်ကွင်းများတွေ့ ရပါတော့မည်။