Thursday, March 10, 2011

ဒီမိုကရေစီ လှုပ်ရှားမှုတိုက်ပွဲများကြောင့် အာရပ်ကမ္ဘာ ငွေကြေးကျဆင်း။

၂၀၁၁-၃-၉ ရက်နေ့  ကုဝိတ် ရှိ Markaz ဘဏ် မှပြောဆိုချက်အရ အရှေ့ အလယ်ဖျားနှင့် မြောက်အာဖရိက ၏ စတော့စ်ရှယ်ယာ ၁၁ခု ဈေးကွက်သည် လစ်ဖျားဒေသ၏ နိုင်ငံရေးမတည်ငြိမ် မှုကြောင့် ၁လပိုင်း ၂၅ ရက်နောက်ပိုင်းမှ ယနေ့ အထိ ၉၀၀ ကုဋေ ဆုံးရှံးနေရသည်။ ထိုဓာတ်ပုံသည် ကုဝိတ် Stock share Market ပုံဖြစ်သည်။ လစ်ဖျားဒေသ အခြေအနေဆိုးဝါးလာနေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ရေနံဈေးနှုန်းများလည်းမြင့်တက်လာနေကာ နိုင်ငံရေးမတည်ငြိမ်မှုက ဆော်ဒီအာဒေးဖီးယားကို ကူးဆက်ရန် အခြေအနေကြောင့် Stock share Market ကျဆင်း၍ ဆိုးရိမ်နေ ရသည်။