Friday, March 11, 2011

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေးအနားယူမည်။

 ဆရာတော်ကြီးသည် ၁၉၃၅ ခုနှစ် ၇လ ၆ရက်နေ့ တွင်မွေးဖွားခဲ့ပြီး(၇၆)နှစ်ရှိပြီဖြစ်ပြီး ၁၉၈၉ ခုနှစ် Nobel Peace Prize ရရှိထား သူဖြစ်သည်။ ၁၉၉၁ ခုနှစ် နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသော ဆရာတော်ကြီးဖြစ်သည်။
တိဘက်လူမျိုးများနှင့် အမ္ဘာကပါ လေးစားကြည်ညိုခံရသူဖြစ်၍ ဒီမိုကရေစီနှင့် လူ့ အခွင့် အရေးအတွက် ဆောင်ရွက်နေသော အဝေးရောက်တိဘက် အစိုးရ၏ ဦးဆောင်ဆရာ တော်ကြီး ဒလိုင်းလားမားသည် တိဘက်လူမျိုးများ၏ လွတ်လပ်သော ရွေးကောက်ပွဲဖြင့် တင်မြောက်ခံခဲ့ရပြီး နောက် ဒီမိုကရေစီရရှိရေးနှင့် လူ့ အခွင့်အရေး လွတ်လပ်သောတိဘက်နိုင်ငံထူထောင်နိုင်ရန် ကြိုးစားခဲ့ကာ ၁၉၆၀ ခုနှစ်လောက်မှစ၍ သူကဲ့သို့ သော စွမ်းဆောင်အားရှိသူပုဂ္ဂိုလ် လိုအပ်ကြောင်း ပြောဆိုလာခဲ့ပြီး ယခုအ ချိန်ဟာ အခွင့်ကောင်းဖြစ်သည်ဆိုကာ နိုင်ငံရေးလောကကို အနားယူတော့မည်ဟု မိမိ၏ဆန္ဒကို ထုတ် ဖေါ်ပြောဆိုခဲ့သည်။