Thursday, March 10, 2011

လူထုနည်းသည် အကောင်းဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား။

2011-03-09
နိုင်ငံအတွင်း အပြောင်းအလဲတွေ အတွက် လူထုကိုယ်တိုင် ပါဝင်တဲ့နည်းဟာ အစကောင်းတဲ့ နည်း၊ သေချာတဲ့ နည်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၉ ရက် ဒီကနေ့ NLD ပါတီ၊ ဧရာဝတီတိုင်း စည်းရုံးရေး ကော်မတီဝင်တွေကို ပြောကြားလိုက်ပါတယ်။
 ဒီကနေ့ ပြုလုပ်တဲ့ ပြည်နယ်တိုင်း စည်းရုံးရေးကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ NLD ပါတီရဲ့ အကြမ်းမဖက်နည်းနဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာအောင် ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ဖြစ်ပေမဲ့ ရလဒ် အပေါ် လူထုက အားမရ ဖြစ်နေတယ် ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာပါ။