Thursday, January 16, 2014

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့) NLD မှ စာစီစာကုံးပြိုင်ပွဲများ ကျင်းပမည်

၂၀၁၄-၁-၁၆
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့(မြန်မာနိုင်ငံ ကလေးများနေ့)ကို ကြိုဆိုသောအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရိုင်မြို့ကြီးများတွင် အသက်(၁၈)နှစ်မှ (၂၅)နှစ်အထိအုပ်စာတစ်စု၊ အသက်(၂၅)နှစ်မှ အသက်(၃၀)နှစ်အထိအုပ်စုဟူ၍ အုပ်စု၂စုခွဲကာ စာစီစာကုံးပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။ လူငယ်များအားလုံးပါဝင်နိုင်သော လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာရေး၊ လူငယ်များ၏ စိတ်ကူးစိတ်သန်းများကို သိရှိဖော်ထုတ်နိုင်ရေး၊ လူငယ်များတိုင်းပြည်အနာဂတ်နှင့်ပတ်သတ်သော မျှော်မှန်းချက်များ ထားနိုင်စေရေးနှင့် စာစီစာကုံးတွင်ပါဝင်သောအချက်များသည် လက်တွေ့ကျစေရေးဟူသောအချက်များကို ရည်ရွယ်ကာ ဆုရရှိသူလူငယ်များကို ကလေးများနေ့အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဌပေးအပ်သောဆုကို ချီးမြင့်မည်ဖြစ်သည်။