Thursday, April 19, 2012

NLD အဖွဲ့ချုပ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ဧပြီ၂၃ရက်တွင် လွှတ်တော်တက်ဖြစ်မည်လားဟု သတင်းထောက်များကမေးရာ “ဦးဥာဏ်ဝင်း   နေပြည်တော်သွားနေပါတယ်။
သူပြန်လာမှသိမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဧပြီ၁၉ရက်)တွင် ပြောကြားသည်။ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ဆွေးနွေးခြင်းအား NLD အဖွဲ့ချုပ်တွင် ယနေ့နံနက် ၁၀နာရီမှ ၁၂နာရီထိကျင်းပခဲ့ပြီး ထိုဆွေးနွေးပွဲအပြီး သတင်းထောက်များ ၏မေးမြန်း မှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သင်တန်းလို့လဲပြောလို့ရတယ်။ ဆွေးနွေးပွဲလို့လည်း ဖြေလို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါသင့်ပါထိုက်တာတွေ ဒီမိုကရေစီသဘောတရားတွေကို ဆွေးနွေးခဲ့ပါတယ်”ဟု ဦးဆောင်ဆွေးနွေးသူ ပုသိမ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောသည်။
ယနေ့ပြုလုပ်သော သင်တန်းတွင် ၂၀၀၈ဖွဲ့စည်းပုံအပြင် ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၇၄ဖွဲ့စည်းပုံတို့အကြောင်းပါ
ဆွေးနွေးခဲ့ကြောင်း ဦးဝင်းမြင့်ကပြောသည်။
ယနေ့ဆွေးနွေးပွဲမှာ လွှတ်တော်တက်ရေးမတက်ရေးနှင့်မဆိုင်ကြောင်း ဦးဝင်းမြင့်ကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်းအား ၁၉၊၂၀ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး ၂၁၊၂၂ရက်နေ့များတွင် ဘတ်ဂျက်နှင့် အလုပ်သမား၊လယ်သမားအရေးဆွေးနွေးမည်ဟု သတင်းရရှိသည်။ 7 Day News