Monday, April 9, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုံမြို့နယ်ဥက္ကဌ ဦးဘမြင့် အလှူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုံမြို့နယ်ဥက္ကဌ ဦးဘမြင့်နဲ့ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းက ဆရာ ဆရာမတွေ ဦးစီးပြီး မိုးကောင်းသစ်ဆိပ်ဝင်း စတုဒီသာ အကျွေးအမွေး အလှူတခုကို ဧပြီလ ၈ ရက်နေ့က အလုံမြို့နယ်မှာရှိတဲ့ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လူကြီးလူငယ် လူမျိုးဘာသာ မရွေး မနက် ၈ နာရီကနေ ၁၂ နာရီအထိ ကျွေးမွေးခဲ့တဲ့ အဲဒီ အလှူကို အလုံမြို့နယ်က ပြည်သူလူထုအယောက် တစ်ထောင်ခန့်လာရောက် သုံးဆောင်ခဲ့ကြပါတယ်။