၂၀၁၄-၆-၁၈
ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏၆၉ နှစ်မြောက်မွေးနေ့
အခမ်းအနားနှင့်သုံးရောင်ခြယ်မိသားစုများမှ ဂါရ၀ပြုကန်တော့ခြင်းအခမ်းအနားကို ယနေ့ ဇွန်လ
၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်။ ဒေါ်လ်ဖင်စားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သုံးရောင်ခြယ်အဖွဲ့ဝင် ၃၅ ဦးနှင့်မိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်အရ ယခုအခမ်းအနားကျင်းပခြင်းအကြောင်းကိုကိုမြတ်စံကရှင်းပြခြင်း၊အဆိုတော်ကိုလင်းလင်းက
သုံးရောင်ခြယ်သီချင်းဖြင့်သီဆိုဂုဏ်ပြုခြင်း၊ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အားသုံးရောင်ခြယ်
အဖွဲ့ဝင်များနှင့်မိသားစုကဂါရ၀ပြုကန်တော့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကဆုပေးအမှာစကား
ပြောကြားခြင်း၊ ၆၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ကိတ်လှီးဖြတ်ခြင်း တို့ဖြစ်ပါသည်။ ထို့နောက် ကြွရောက်လာကြသောဧည့်ပရိသတ်အားစားပွဲဝိုင်းတိုင်းသို့ ဒေါ်အောင်ဆန်းစုကြည်ကသွား
ရောက်နှုတ်ခွန်းဆက်ခဲ့ပြီး အခမ်းအနားကို နေ့လည် ၁နာရီထိစည်ကားသိုက်မြိုက်စွာကျင်းပခဲ့
ပါသည်။