၁၁-၁-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရုံးခန်းသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲကို
ကျင်းပပြုလုပ်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်
ဖွင့်လှစ်ပေးခဲ့ပြီး အဖွဲ့ ချုပ်ခေါင်းဆောင်များနှင့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များ ပါတီကိုထောက်ခံ
အားပေးသူများ လမ်းတလျှောက်ပြည့်လှံနေသည်။ ဆိုင်းဘုတ်တင်ပွဲကို လူဦးရေ ၃၀၀နီပါး
လာရောက်ကြသည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ပြည်သူ့အသံနဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲဖြစ်လာဖို့နဲ့ ပြည်သုလူထု လိုချင်တဲ့အစိုးရတရပ် ပေါ်ပေါက်လာဖို့အတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်က ဗဟန်းမြို့နယ်ထဲ NLD ရုံးခန်းဖွင့်ပွဲအတွင်း ဒေါ်အောင်
ဆန်းစုကြည်က လူထုကို ပြောခဲ့တဲ့မိန့်ခွန်းထဲ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။