ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်း
များအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုမီးလောင်ကျွမ်းသော ဂိုဒေါင်မှာ အစိုးရဌာနပိုင်းအား ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်သော
ဂိုဒေါင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံးခန့် မီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး
အား စုံစမ်းတွက်ချက်နေဆဲဖြစ်ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်
ရာရရှိသူ မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် အရပ်သား ၈၁ ဦး(သေဆုံးသူနှင့် ဒဏ်ရာရရှိသူ
ဦးရေ စုစုပေါင်း ၉၈ ဦး)ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဒီဇင်ဘာလ
၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့် မြို့နယ် ပုသိမ်ညွန့်ခြော က်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျော င်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထာြး ပီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေး
ဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအ မျိုးမျိုးတို့လှူဒါန်း
လိုလျှင် ....ဆက်သွယ်နိုင်ပါသည်. .. 095155891., 095104850, 095077986, ...