၈၈ မျိုးဆက်ကျောင်းသားများသံချပ်အဖွဲ့သည် ယနေ့သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့ နေရာ ၆ ခုကို သွားရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်း ဇ၀န နှင့် NLD ရုံးရှေ့တွင်ဖျော်ဖြေမည်ဖြစ်သည် ။ယင်းနောက် တောင်ဒဂုံ ၅၆ ရပ်ကွက်၊ မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံတို့တွင်ဖျော်ဖြေ မည်ဖြစ်ပြီးနောက် ညနေ ၅နာရီခန့် တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။နောက်ဆုံးတွင် လမ်း ၅၀
ဝန်းကျင်တွင် လာရောက်ဖျော်ဖြေမည်ဖြစ်သည်။