Monday, April 9, 2012

NDF ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း NLD ပြန်ဝင်မည့်အပေါ် လမ်းမတော်မြို့နယ်ပါတီဝင်များ ကန့် ကွက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဝင်ရောက်ဖို့ လျှောက်ထားခြင်းကို လက်မခံနိုင်တဲ့ အကြောင်းဧပြီလ (၈) ရက်နေ့က လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပါတီဝင်တွေက အများဆန္ဒနဲ့အညီ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။