Wednesday, September 9, 2015

NLD ရဲ့  မဲဆွယ်စည်းရုံးရေး အောင်မြင်မှု နိုင်ငံတကာသတင်းများတွင် ဖေါ်ပြ





၉-၉-၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများကို စက်တင်ဘာလ ၈ ရက်နေ့ တွင်
မြန်မာနိုင်ငံတစ်ဝှမ်းလုံး စတင်ခဲ့ရာ မန္တလေး၊ရန်ကုန်၊မော်လမြိုင် ၊ထားဝယ် စသည့်မြို့ ကြီး
များတွင် တစ်ပြိုင်နက်ကျင်းပခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၁၉၉၀
 ရွေးကောက်ပွဲအနှိင်ရခဲ့သော်လည်း အစိုးရဖွဲ့ ခွင့် မရရှိ၍ ပြည်သူတို့ ရဲ့  ဆန္ဒကို ဖေါ်ဆောင်
ပေးဖို့  ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၈-၁၁-၂၀၁၅ ရွေးကောက်ပွဲ ကို အစိုးရမှ
အတည်ပြုကြေညာခဲ့သောကြောင့် မဲဆွဲစည်းရုံးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မဲဆွယ်စည်းရုံးရေး စတင်သည့်နေ့ မှာပင် အဖွဲ့ ချုပ်အဖွဲ့ ဝင်များ
နှင့် ရာနှင့်ချီသော ပြည်သူလူထုကြီးမှ လိုက်ပါ၍ မဲဆွဲခဲ့ရာ ထောက်ခံမှုအားကောင်းခဲ့သည်ဟု
နိုင်ငံတကာ သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နှစ် ၅၀ ကျော် အမြစ်တွယ်နေသော အာဏာရှင်စနစ်မှသည် စစ်မှန်သော
ဒီမိုကရေစီစနစ်ဆီသို့  ချီတက်ခဲ့ရာ ပြည်သူများ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကြုံတွေခဲ့ရပြီး အာဏာရှင်
တို့ ၏ ဖိနှိပ့်မှုကြောင့် အသက်ပေးရသူများ၊နှစ်ရှည်ဖမ်းဆီးထောင်ချခံရသူများ၊စီးပွားရေးဖျက်ဆီး
ခံရသူများ၊ပညာရေးဆုံးရှုံးရသူများ ဘ၀ကိုပေးဆပ်ခဲ့ရသူများ စနစ်တစ်ခုရဲ့ သားကောင်အဖြစ်
ပြည်သူပြည်သားများခံခဲ့ကြရသည်၊၊

နှစ်ပေါင်း ၂၀ ကျော်မှ ရရှိသည့် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်သူများက သမိုင်းတွင်မည့်
စနစ်တစ်ခုအပြောင်းအလဲလို့  ရှု့ မြင်ကြပြီး ဖိနှိပ့်အုပ်ချုပ်သည့် အာဏာရှင်လက်အောက်မှ
လွတ်မြောက်ရန် အခွင့်အရေးသည် ရတောင့်ရခဲ အခွင့်အရေးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာဖြင့်
အသွင်ကူးပြောင်းရေးကို ပြည်သူများက လိုလားနေကြပြီး ပြောင်းလဲဖို့ အချိန်တန်ပြီ စနစ်တစ်
ခု ပြောင်းလဲဖို့  (အမှန်တကယ် ပြောင်းလဲဖို့ ) NLD ကို မဲပေးစို့  ဆိုသည့် ဆောင်ပုဒ်ကို ပြည်သူ
များထောက်ခံအားပေးကြသည်ဟု သိရှိရသည်။

၂၀၁၅ ခုနှစ်သည် အရေးကြီးသောနှစ်ဖြစ်ပြီး ပြည်သူများက မျှော်လင့်တောင့်တနေသော စနစ်
တစ်ခု အပြောင်းအလဲပင်ဖြစ်သည်။နှစ်ပေါင်းများစွာ နိုင်ငံရေး၊စီးပွားရေး၊ပညာရေး အဘက်ဘက်မှ
ချို့ ယွင်းပျက်ဆီလာနေသော မြန်မာနိုင်ငံ၏ ကံကြမ္မာသည် အဆိုးဝါးဆုံးအခြေအနေတွင်ရှိသည်။
ရေးဘေးဒဏ်ကြောင့် မြန်မာနိုင်ငံအနှံအပြား ပျက်ဆီးဆုံးရှုံးနေရသည်။ထို့ ကြောင့် ၂၀၁၅ ရွေး
ကောက်ပွဲ၏ အပြောင်းအလဲကို ပြည်သူများပို၍ တောင့်တလာကြပြီး စနစ်တစ်ခုပြောင်းလဲရေး
သည် မြန်မာနိုင်ငံအတွက် အရေးကြီးသောကြောင့် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို
ဖေါ်ဆောင်ပေးနိုင်မည့် အင်အားကြီးပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)
အား ထောက်ခံမှုအား ပိုမိုမြှင့်တက်လာနေပြီး ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိရေး
အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နှိုးဆော်လျှက်ရှိပြီး မဲမသမာမှုများရှိနိုင်
သောကြောင့် ၁၀၀% အပြတ်အသတ် အနိုင်ရမှ အစိုးရဖွဲ့ နိုင်မည် ပြည်သူများ၏ အကျိုးကို
ဆောင်ရွက်နိုင်မည်ဟု ပြောဆိုထားသည်။

8 September 2015 drawing election campaign starts at mandalay.