Tuesday, September 8, 2015

ကြံ့ဖွတ်ရဲ့  ဆောင်ပုဒ် ပြည်သူတွေ အယုံအကြည်မရှိ



၂၀၁၅-၉-၈
အနာဂတ်တိုင်းပြည် ပြည်ခိုင်ဖြိုးဦးဆောင်မည်။အနာဂတ်ဘဝ ပြောင်းလဲဖို့  ပြည်ခိုင်ဖြိုးကို
မဲပေးစို့ ။ကြံ့ဖွတ်ပါတီကြီးက မဲဆွယ်နေတာကိုတွေ့ ရပါတယ်။တကယ်တော့ ကြံ့ဖွတ်ဟာ
 နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊အာဏာရှင်
စနစ်ဖြင့်တစ်ဖုံ၊ပြည်ခိုင်ဖြိုးပါတီဖြင့် ပုံစံအမျိုးမျိုးပြောင်းကာ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့ တာဖြစ်ပြီး
တိုင်းပြည်အဆင်းရဲဆုံးနိုင်ငံထဲကို ရောက်ခဲ့ရကာ ယနေ့ အချိန်အထိ ပြန်လည် ရုန်းမထွက်နိုင်သေး
ဘူးဆိုတာ ပြည်သူတွေအသိဆုံးပါ။ တိုင်းပြည်ဟာ မတိုး တက်ပဲ ခြောက်ထဲကျခဲ့ရပါတယ်။

တိုင်းပြည်ရဲ့ သံယံဇာတတွေကိုလည်း ခိုးချင်သလောက်ခိုးယူပြီး ခရိုနီအဖြစ် ကမ္ဘာ့အချမ်းသာဆုံး
စာရင်းထဲမှာရောက်ရှိနေကြသောလည်း ရေဘေးကယ်ဆယ်ရေးမှာထိထိရောက်ရောက် ဘာမျှမ
ကူညီခဲ့ပါ။ တိုင်းပြည်ရဲ့ သယံဇာတ ရေနံ သဘာဝဓါတ်ငွေ့ ၊ကျောက်မျက်များ၊သစ်တောများ၊
ဆောက်လုပ်ရေးလုပ်ငန်းများ၊ရင်းနှီးမြုပ်နှံမှုများ၊နိုင်ငံတကာမှ ကူညီငွေများ စသည်တို့ ဟာ
အာဏာရှင်တွေရဲ့  လက်ထဲကို ရောက်ရှိသွားခဲ့ပြီး တိုင်းပြည်အနာဂတ်ကို တည်ဆောက်တာ အနှစ်
၅၀ ကျော် ဘာမျှမဖြစ်လာပါ။နိုင်ငံမှာအနာဂတ်ပျောက်နေရတာတွေ့ ရပါတယ်။

ပညာရေးစနစ်ပြောင်းလဲရန် ကျောင်းသားတွေက မိမိတို့ ရဲ့  ဘဝအခက်အခဲတွေကို တင်ပြပြီး
 ဒီမိုကရေစီစံနှုန်းတွေနဲ့  ကိုက်ညီအောင် တောင်းဆိုခဲ့သောလည်း အပြစ်ရှာပြီး ကျောင်းသားတွေ
ကို ထောင်ထဲပို့ ခဲ့တာလည်း ဒီအစိုးရဘာပဲ။လူငယ်တွေရဲ့  အနာဂတ်ဘဝဟာ အဓိပ္ပါယ်
မဲ့နေရပါတယ်။

သူတို့ ရဲ့  အာဏာရှင် ထုံးစံအတိုင်း ပြည်သူတွေဆင်းရဲပြီးငတ်မွတ် ဒုက္ခရောက်နေမှ နိုင်ငံရေးမှာ
 စိတ်မဝင်စားမှာဆိုပြီး ဘဝအခက်အခဲအခဲတွေနဲ့  ဖိနှိပ့်ထားခဲ့တာ ကြာမြှင့်ခဲ့ပါပြီ။ယခုရေဘေးလဲ
 အစိုးရတရပ်အနေနဲ့  ထိထိရောက်ရောက်မကူညီခဲ့ဘဲ ပြန်လည်ထူထောင်ရေးကို မသိချင်
ယောင်ဆောင်နေတာက ပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

ပြည်သူတွေရဲ့  ဘိုးဘွားပိုင် လယ်ယာမြေတွေပါမကျန် သိမ်းဆီးပြီး စစ်တပ်ပိုင်မြေအဖြစ်ပြောင်းလဲ
ကာ စီးပွားရှာ အမြတ်ထုတ်၍ ပြည်သူတွေမှာ လယ်မဲ့ယာမဲ့ နေအိမ်မဲ့ ဘဝနဲ့  ထွန်တုံးတိုက်ပွဲတွေ
ဆင်နွဲရာ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရကာ ဘဝတွေပျောက်နေကြရပါတယ်ရ။ဒါဟာအနာဂတ်ဘဝ
 ပြောင်းလဲဖို့ တော့ ဖြစ်မယ်မထင်ပါဘူး။

အမျိုးသမီးငယ်များဟာ မိမိဘဝအတွက် မိသားစုရဲ့ စားဝတ်နေရေး အခက်တွေကြောင့် ဘဝကို
ရင်းကာ တိုင်းတစ်ပါးမှာ အိမ်ထောင်သည်အဖြစ် ရောင်းစားခံရ၊အိမ်ဖေါ်အဖြစ်အလုပ်လုပ်ကြရနဲ့ 
စနစ်ဆိုးကြောင့် ဘဝကံကြမ္မာကို ခါးဆီးခံနေကြရပြီး ဒီအစိုးရရဲ့  လက်ထက်မှာ အလုပ်အကိုင်
ရှားပါး၍ အိမ်နီးချင်နိုင်ငံတွေမှာ ပြည့်တစ်ဆာဘဝ ရောက်ခဲ့ကြရပါတယ်။ဒါဟာ အနာဝတ်ဘဝ
ပြောင်းလဲဖို့ လားလို့  မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။

ပြည်သူတွေအနေနဲ့  မိမိတို့ ရဲ့ ဘဝတွေကို သမိုင်းကသက်သေပြနေပါတယ်။ အနှစ် ၅၀ ကျော်
 အုပ်ချုပ်ခဲ့တဲ့ အစိုးရလုပ်ရပ်တွေကိုပြန်ကြည့်ရင် ယနေ့ အချိန်အထိ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။
 ဒီအာဏာရှင် စနစ်ဆိုးကြီး ဖယ်ရှားဖို့  အချိန်ကျရောက်လာပါပြီ ယခု နိုဝင်ဘာလ ရွေးကောက်
ပွဲမှာ စနစ်ဆိုးကို ဖယ်ရှားနိုင်ဖို့  အခွင့်အရေး ပြည်သူတွေရရှိကြပါလိမ့်မယ်၊ ဒီ မဲတစ်ပြားက မိမိတို့ 
ဘဝတွေကို မြှင့်တင်ပေးမဲ့အစိုးရသစ်ကို ရွေးချယ်ခွင့်ရမှာ ဖြစ်ပါတယ်။အာဏာရှင်စနစ်ကနေ
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲ ဖို့ အတွက် သမိုင်းသစ်တွင်မည့် စနစ်တစ်ခုကို မိမိတို့ ဆန္ဒနဲ့ 
ရွေးချယ်ရမည်ဖြစ်လေသည်။စနစ်ဆိုးကြီးချုပ်ငြိမ်းပြီး စနစ်သစ်နဲ့  နိုင်ငံကိုအုပ်ချုပ်ရန် သမိုင်းပေး
တာဝန်တစ်ခု ပြည်သူတွေအပေါ်ကျရောက်လာနေပါပြီ၊ မိမိတို့ ရဲ့ ဘဝကံကြမ္မာအကောင်းအဆိုးဟာ
 မိမိတို့ အပေါ်မူတည်ပါတယ်။ပြောင်းလဲချိန်တန်ပြီ စနစ်တစ်ခုပြောင်းလဲဖို့  NLD ကို မဲပေးကြပါစို့ ။

မြသိန်း