Thursday, September 10, 2015

စစ်ဘက်အငြိမ်းစားများ ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်မှာ ခန့်အပ်ခဲ့မှု တရားရေးဝန်ထမ်းများ ကန့် ကွက်


၁၀-၉-၂၀၁၅
သြဂုတ်လကတပ်မတော်အငြိမ်းစား၂၀ခန့်ကို ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်မှာ
ခန့်အပ်ခဲ့မှုကိုမကျေနပ်တာကြောင့်ရှေ့နေအချို့က ဖဲကြိုးအဝါရောင်တပ်ဆင်ပြီးကန့်ကွက်မှုတွေ
 ပြုလုပ်ခဲ့ပါတယ်။"တရားရေးမှာစစ်ရေးအရာရှိတွေပါဝင်လာတယ်။ရလဒ်ကဘယ်လိုပဲရှိရှိ
လှုပ်ရှားမှုကိုတော့ဆက်လုပ်သွားမှာပါ" လို့ပျဉ်းမနားမြို့ကရှေ့နေကြီးဦးခင်မောင်ဇော်ကပြော
ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုပြီး အစိုးရ၀န်ကြီးဌာနတွေမှာ စစ်ဘက်ကလူတွေ
ကို ခန့် အပ်မှု ခုတလောဖြစ်ပေါ်လာနေပါတယ်။အဓိက ကတော့ စစ်တပ်ကအငြိမ်းစားအရာရှိတွေ
ကို ၀န်ကြီးဌာနတွေမှာနေရာပေးပြီး အုပ်ချုပ်ရေးစနစ်ကို ချုပ်ကိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
အရင်က ဗဟိုအုပ်ချုပ်ရေးနဲ့ သွားနေရာကနေ စနစ်တစ်ခုအပြောင်းအလဲဖြစ်လာရင် မိမိတို့ ရဲ့ 
တပ်တွက် အငြိမ်းစားတွေနဲ့ အုပ်ချုပ်ရေးကို တဖန်ကြိုးကိုင်နိုင်ဖို့  အခုအချိန်ထဲက အစားထို့ နေတာ
တွ့ ရပါတယ်။

စနစ်တခုပြောင်းလဲခဲ့ရင် ဌာနဆိုင်ရာနယ်ပါယ်အသီးသီးမှာ မိမိတို့ ရဲ့  လက်ပါးစေတွေကိုမွေးပြီး
အခြေအနေအရပ်ရပ်ကို သိရှိနိုင်ဖို့ အတွက် သစ္စာရှိတဲ့ တပ်မတော်သားတွေနဲ့  အစားထိုးနေတာ
ဖြစ်ပါတယ်။ဆက်ပြီးသွားရမဲ့နိုင်ငံရေးမှာလည်း ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲရဲ့ အပြောင်းအလဲမှာ ဒီမိုကရေစီနည်ကျတဲ့ အုပ်ချုပ်မှုစနစ်နဲ့  ပြောင်းလဲခဲ့မယ်
ဆိုရင် မိမိတို့ ရဲ့  တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ လျှော့ကျလာနိုင်ဖွယ်ရှိသောကြောင့် ခတ်စိတ်စိတ်
အစြေားထိုးပြောင်းလဲနေရခြင်းဖြစ်ပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနမှာ ပြောင်းလဲဖို့ ကြိုးစားတာကို ဆရာဝန်တွေကန့် ကွက်ကြလို့ မအောင်မြင်ခဲ့ပါဘူး။အခုလည်း တရားရေးမဏ္ဍိုင်ကို ၀င်ရောက်ချုပ်
ကိုင်နိုင်ဖို့ အစားထိုးလည်းလဲခဲ့ခြင်းဖြစ်တယ်။ဒါကို ဥပဒေပညာရှင်တွေက ငြိမ်ခံနေမယ်ဆိုရင်
တရားရေးဟာ ပိုပြီးစိုးရိမ်စရာတွေဖြစ်လာနိုင်ပါတယ်။ယခုအခြေအနေမှာလည်း တရားစီရင်ရေးမှာ
 စစ်တပ်ကပါဝင်နေတယ်ဆိုတာ အများသိနေကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီ
စံနှုန်းတွေနဲ့  ညီညွတ်ဖို့ အရေးကြီးပါတယ်။

တရားရေးမဏ္ဍိုင် မှန်ကန်စေဖို့ ဆိုရင် ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး
၃ ရပ်ဟာ အပြန်အလှန် ထိမ်းညှိနိုင်ဖို့ လိုအပ်ပါတယ်။ပွင့်လင်းမြင်သာမှု၊ဥပဒေအရ မှန်မှန်ကန်ကန်
လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ဥပဒေရဲ့ အကာအကွယ်ကို တရားမျှတစွာ ပြည်သူများခံစားပိုင်ခွင့်
စသည့် အခွင့်အရေးများ ပြည်သူတွေဆုံးရှုံးနေရပါတယ်။ ဥပဒေပညာရှင်များ လွတ်လပ်စွာလုပ်ပိုင်
ခွင့်ရှိဖို့ လိုပါတယ်။ဥပဒေအထက်ကနေ ညွန်ကြားနေတာတွေဟာ ဒီခေတ်ဒီအချိန်မှာ မရှိသင့်တော့
ပါ။တရားရေးကို စစ်တပ်က၀င်ရောက်လာတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်ပါ။တရားရေးမဏ္ဍိုင်ရဲ့ 
ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ဒါကြောင့် တရားရေးဝန်ထမ်းတွေအနေနဲ့  ဒီမိုကရေစီ
နည်းမကျတဲ့ စစ်ဘက်က လုပ်ရပ်မှားတွေ မတရားတာတွေ မဖြစ်သင့်တာတွေကို တရားရေးဝန်
ထမ်းများ ညီညီညွတ်ညွတ်နဲ့ ကန်ကွက်ကြဖို့  လိုအပ်ကြောင်းတိုက်တွန်ပါသည်။

မြသိန်း