Wednesday, September 16, 2015

ပြည်သူချစ်တဲ့ အနုပညာရှင်များ စနစ်တစ်ခုပြောင်းလဲရေးအတွက် တတပ်တအားပါဝင်





၁၆-၉-၂၀၁၅
မြန်မာနိုင်ငံသမိုင်းမှာ အနုပညာရှင်တွေဟာ မိမိတို့ တပ်နိုင်တဲ့ဘက်က ပါဝင်ခဲ့ကြပါတယ်။၈၈ ကာလ
တုံးကဆို ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ဦးသောက ဒေါ်ခင်သီတာထွန်း ဦးအောင်လွင်တို့ ရဲ့  ဒီမိုက
ရေစီလှုပ်ရှားမှုဟာ  ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို
ဝန်းရံခဲ့ကြပါတယ်။ ထိုနည်းတူစွာပဲ ကဗျာဆရာတွေ စာရေးဆရာတွေကလည်း ဒီမိုကရေစီအရေးကို
အားထက်သရော ယနေ့ အချိန်အထိ လှုပ်ရှားနေကြတာ တွေ့ ရပါတယ်။ သမိုင်းတစ်ခေတ်မှာ တာဝန်
သိသိနဲ့  ပြည်သူတွေလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင် တတ်နိုင်တဲ့ဘက်က မိမိတို့ တပ်ကျွမ်း
တဲ့ အနုပညာနဲ့  ပါဝင်လှုပ်ရှားနေကြပါသည်။

မြန်မာနိုင်ငံ စနစ်တစ်ခု ပြောင်းလဲရေးဟာ အလွန်အလွန် အရေးကြီးသော ကာလကို ရောက်ရှိနေ
ပါသည်။ ပြည်သူတွေရဲ့  ဆင်းရဲဒုက္ခ အ၀၀ကို ပြောင်းလဲပေးနိုင်တာက စနစ်ပဲဖြစ်တယ်။ မြန်မာ
နိုင်ငံမှာ စစ်အာဏာရှင်တွေ ကြီးဆိုးခဲ့လို့  သန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေ
ခဲ့ရပါတယ်။စနစ်ဆိုးရဲ့  သားကောင်တွေအဖြစ် တိုင်းရင်းသားအားလုံးခံစားနေကြရတယ်ဆိုတာ
ဘက်ပေါင်းစုံက ပညာရှင်တွေသိကြပါတယ်။ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ အားပေးမှု
နဲ့  ရပ်တည်နေရတဲ့ စီပွားရေးလုပ်ငန်းတွေ ကျဆင်းလာနေတယ်ဆိုတာ သိနေကြပြီး ဒီအခြေအနေ
မျိုးနဲ့ ဆိုရင် တိုင်းပြည်ဟာ ပေါက်ကွဲဖို့ ပဲ ကျန်ပါတော့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့  တိုင်းပြည်အပြောင်း
အလဲတစ်ခုကို သူတို့ လိုချင်နေကြသူတွေပါ အနုပညာရှင်တွေရဲ့  ပြောဆိုသံတွေကို ကြည့်ရင်သိ
နိုင်ပါတယ်။

အပြောင်းအလဲတစ်ခုကို လိုချင်ရင် မိမိကိုယ်တိုင်က ကြိုးစားရမှာဖြစ်သလို မိမိကိုယ်တိုင် ပါဝင်ပါတ်
သက်မှုကလည်း အရေးကြီးပါတယ်။ သမိုင်းတင်မည့် အာဏာရှင်စနစ်မှ စစ်မှန်တဲ့ဒီမိုကရေစီအပြောင်း
အလဲမှာ ပါဝင်ပါတ်သက်သူတိုင်းဟာ အမိနိုင်ငံရဲ့ အနာဂတ်ကို ဖေါ်ဆောင်ပေးပေးရာ ရောက်သလို
သမိုင်းပေးတာဝန်ကို ကျေပွန်ရာလည်းရောက်ပါတယ်။ ဒီနိုင်ငံမှာနေ ဒီရေကိုသောက် ဒီနိုင်ငံကအစာ
ကိုစားပြီး ကြီးပျင်းလာကြတဲ့သူတိုင်းဟာ ကျေးဇူးတရားကိုမမေ့သင့်ပါဘူး။နိုင်ငံသားတိုင်းမှာ တာဝန်
ရှိပါတယ်။စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်ကို ကျရောက်နေတဲ့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ တာ
ဝန်ဟာ ပြည်သူတွေအားလုံးရဲ့  တာဝန်၊ ပြည်သူတွေရဲ့  ခွန်အား အင်အားတွေနဲ့  ပြိုင်တူတွန်းရင်
ရွေ့ နိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေညီညီညွတ်ညွတ်နဲ့  ပြည်သူ့ ပါတီ NLD ကို
မဲပေးကြမယ်ဆိုရင် အာဏာရှင်စနစ် ချုပ်ငြိမ်းမှာ သေချာပါတယ်။ အာဏာရှင်တွေကိုယ်တိုင်က
မိမိတို့ ရဲ့  နေ၀င်ချိန်ဆိုတာ သိနေကြလို့  NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ဖို့ မလွယ်ဘူး
ဆိုတာ ဗိုလ်ချုပ်ကြီး ဝေလွင် ကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပါတယ်။ စနစ်တစ်ခု အပြာင်းအလဲမှာ
မိမိတို့  တာဝန်မကျေမှာကို စိုးရိမ်ကြတဲ့ ရိုးသားတဲ့ တောင်သူလယ်သမား ဆင်းရဲသားတွေ မကျန်
ခွန်အားတွေမွေးနေချိန်မှာ အိမ်ခေါင်းထဲမှာ လသာနေကြသူတွေရှိပါတယ်။ အပြောတမျိုးအလုပ်တစ်
မျိုးနဲ့  အခွင့်အရေးသမားတွေ ခြံစည်းရိုးခွထိုင်နေကြသူတွေလည်းရှိပါတယ်။ ဘာဘဲပြောပြော ကိုယ်
သမိုင်းကိုယ်ရေးပြီး အာဏာရှင်တော်လှန်ရေးသမိုင်း မှတ်တမ်းတင်ကြရမည်ဖြစ်လေသည်။

မြသိန်း