Friday, September 18, 2015

ရွှေဝါရောင်တော်လှန်ရေး ၈ နှစ်ပြည့်မှာ သံဃာတွေ သမိုင်းကို သတိရစေလို






၁၈-၉-၂၀၁၅
ရွှေဝါရောင်တော်လှန်ရေး ၈ နှစ်ပြည့်ပြီ သံဃာတော်တွေဟာပြည်သူတွေရဲ့  အခက်အခဲများစွာကို 
သိရှိပြီး ပြည်သူ့ တွေရဲ့ ဆန္ဒကို ဖေါ်ထုတ်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီး မေတ္တာသုတ်ရွတ်၍ 
ဆုတောင်းကာ ပြည်သူ့ ဆန္ဒကိုလိုက်လျှောပေးဖို့  အစိုးရကိုတောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် 
ဆရာတော်ကြီးများ၏ တောင်းဆိုမှုကို လစ်လှူရှုခဲ့ပြီး အကြမ်းဖက်ဖြေရှင်းခဲ့ထိခိုက်ဒဏ်ရာရပြီး
 ပျံလွန်တော်မှုသော ဆရာတော်တွေရှိသလို ဖမ်းဆီအရေးယူထောင်ချ ကျောင်းတိုက်တွေကို
 ပိတ်ပင်ခဲ့သောမှုကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်သလို ဘာသာသာသနာကိုလည်း
 ငြိုးနွမ်းစေခဲ့ပါတယ်။ အာဏာရှင် ကြံ့ဖွတ်အစိုးရရဲ့  လုပ်ရပ်ကို နိုင်ငံသားများနဲ့  နိုင်ငံတကာကကန့် 
ကွက်ခဲ့ကြလို့  အစိုးရမှာ အရှက်ရစေခဲ့ပါတယ်။ သမိုင်းမှာ ကြံ့ဖွတ်အစိုးရရဲ့  ရက်စက်မိုက်ရိုင်း
မှုများကို ကမ္ဘာက မှတ်တမ်းတင်ခဲ့ကြပါတယ်။ယနေ့ ခေတ်မှာ အထိမနာတဲ့သံဃာတွေက ကြံ့ဖွတ်ကို 
အားပေးပြီး မြတ်စွာဘုရားကိုယ်တော်ကြီးက ဝေနေရ သတ္တ၀ါအပေါင်းတို့ ကို ကယ်တင်ခဲ့တယ်။
လေးသင်ခြေနဲ့  ကမ္ဘာတစ်သိန်း ဘ၀အမျိုးမျိုးမှာ မခွဲခြားဘဲ ကျေးဇူးဆပ်ခဲ့ပြီး ၀တ်နည်းနဲ့ အညီကျင့်
ကြံအားထုတ်ခဲ့လို့  အတုလာအတုမရှိတဲ့ မြတ်ဗုဒ္ဓအရှင်မြတ်ကြီးအဖြစ် ရောက်တော်မူခဲ့ပါတယ်။
ယနေ့ ခေတ်သံဃာတွေဟာ ၀တ်နည်းတော်တွေကိုလျှစ်လှူ့ ရှု့ ကာ သံဃာနှစ်ခြမ်းကွဲအောင် 
လုပ်နေကြတာဟာ သင်္ကန်းရဲ့  ဂုဏ်ကိုတောင်မထောက်ပဲ နိုင်ငံတကာအလည်မှာ ဘာသာ သာသနာ
ရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေခဲ့ရပါတယ်။ထေကြီးဝါကြီး ဆရာတော်ကြီးများအနေဖြင့် သံဃာငယ်
သံဃာမိုက်တွေကို မြတ်စွာဘုရားဝတ်နည်းနဲ့ အညီ ဘာသာ သာသနာကို စောင့်ထိမ်းကြဖို့  အချိန်
မှီ ဆုံးမ သြ၀ါဒတွေ ပေးသင့်ပါကြောင်း ရှောက်ထားအပ်ပါသည်။

မြသိန်း