Tuesday, August 11, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်က
ပြည်မြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်း ခရီးစဉ်



ရွှေတောင်မြို့ 
ပေါင်းထည်မြို့ 
သဲကုန်းမြို့ 
နတ်တလင်းမြို့ 
မင်းလှမြို့ 
၁၁-၈-၂၀၁၅
ဥက္ကဋ္ဌ ရွှေတောင်ပြည်သုများနှင့်တွေ့ဆုံ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့နံနက်က ပြည်မြို့တွင် ပဲခူးတိုင်းအနောက်ခြမ်း လွှတ်တော်ကိုယ်စားလှယ်များနှင့်
တွေ့ဆုံပြီးနောက် ရွှေတောင်မြို့သို့ဆက်လက်ထွက်ခွါခဲ့ပြီး ရွှေတောင်မြို့ပြည်သူများအား
 မိန့်ခွန်းပြောကြားခဲ့သည်။မိန့်ခွန်းပြောကြားရာတွင် ယခုခရီးစဉ်ဟာ ရေဘေးသင့်ပြည်သူ
များအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် သွားရောက်လျူဒါန်းခြင်းဖြစ်ကြောင်း ယခုလိုတွေ့ဆုံချိန်
တွင် နိုင်ငံရေးစကားပြောဖို့လိုကြောင်း ပြည်သူးများအနေဖြင့် ၂၀၁၅ တွင် NLD ပါတီကို ၁၀၀
ရာခိုင်နှုန်း အနိုင်ရရှိအောင် မေးဖို့လိုကြောင်း ပြည်သူများအနေဖြင့် ကိုယ်စားလှယ်များကိုမကြည့်
ပဲ မဲပေးဖို့လိုကြောင်း ကိုယ်စားလှယ်များအား ပါတီမှတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
 ပြုပြင်ပြောင်းလဲရေး အရေးကြီးတဲ့အတွက် ပါတီကိုသာမဲပေးပါဟု မိန့်ခွန်းပြောကြားခဲ့သည်။