Tuesday, August 11, 2015

မြန်မာနိုင်ငံရေကြီးမှု နိုင်ငံတကာမှ စီးပွားရေးရင်းနှီးမြှုတ်နှံသူ လုပ်ငန်းရှင်များ စိုးရိမ်

၁၁-၈-၂၀၁၅
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ တချို့မှာ ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံနေရတဲ့အတွက်
 အရေးပေါ် အကူညီတွေလိုအပ်နေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ
ကွယ်လွန်သူမိခင် ဒေါ်ခင်ကြည်အားရည်စူး၍ ဒေါ်ခင်ကြည်ဖေါင်းဒေးရှင်းမှ ရေးဘေးဒုက္ခ
ရောက်နေကြသော ပြည်သူများအား ဆန်နှင့်လှေများ အစားအသောက်များ ပစ္စည်းများကို
 မြန်မာနိုင်ငံအနှံ ကူညီလှူဒါန်းလျှက်ရှိပါသည်။

တစ်နိုင်ငံလုံး ရေကြီးရေလျှံမှုတွေကြောင့် နေရာတော်တော်များများမှာ ဆန်နဲ့  စားသောက်
ကုန်ပစ္စည်းများ ၀ယ်ရခက်ပြီး ကုန်ဈေးနှုန်းများမြှင့်တက်ခဲ့တာကြောင့် ပြည်သူတွေမှာ
အခက်အခဲမျိုးစုံနဲ့  ရင်ဆိုင်နေကြရပါတယ်။ အစိုးရအနေဖြင့် ရေကြီးရေလျှံမှုတွေကို
 နှစ်စဉ်ကြုံတွေ့ ရပေမဲ့ အရေးပေါ်အခြေအနေများကို ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ် လုပ်ခန်း
စဉ်များကို ပြင်ဆင်ထားခြင်းမရှိသောကြောင့် ချက်ခြင်းအရေးပေါ်ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ပေ။
 ပြည်သူအများစုက ဘော်လန်တီယာ လူမှုရေးအဖွဲ့ အစည်းများမှ စတင်ကူညီခဲ့ရာ ယနေ့ 
အချိန်မှာ ရေဘေးဒုက္ခသည်များကို ပြည်သူများက ကူညီဆောင်ရွက်ခဲ့ရသည်။

တနိုင်ငံလုံး မြန်မာနိုင်ငံအနှံအပြားမှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လယ်မြေဧက ၅
သိန်းကျော် ပျက်စီးခဲ့ရပါသည်။  စပါး ပြန်မစိုက်ဖို့ လည်း အခက်အခဲဖြစ်နေုပြီး စပါးအထွက်နှုန်း
ကျဆင်းလိမ့်မယ်လို့ ကုလ သမဂ္ဂအဖွဲ့က သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း
၁၂ ခုမှာ ရေဘေးဒုက္ခသည် ၁ သန်းလောက် ရှိသွားပြီလို့ မြန်မာအစိုးရကို ကိုးကားပြီး ကုလသမဂ္ဂ UNOCHA အဖွဲ့က သတင်းထုတ်ပြန်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်
Stéphane Dujarric ပြောကြားခဲ့ပါတယ်။

ထို့ ကြောင့် ဂျပန်နိုင်ငံ အစိုးရမှ သန်း ၁၅၀၀ ကျပ်ကို ကူညီခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များမှ
 မြန်မာနိုင်ငံ၏ ရေကြီးလျှေံမှုသည် အံ့သြလောက်အောင် ကြောက်စရာကောင်းပြီး တစ်နိုင်ငံ
လုံးနီးပါး ရေနစ်မြုတ်ခဲ့သောကြောင့် နှစ်စဉ်မိုးရာသီမှာ စိုးရိမ်စရာဖြစ်လာနေသည်ဟု ဂျပန်
 စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောဆိုခဲ့ပြီး ရင်းနှီးမြုတ်နှံမှုတွေကိုလည်း ပြန်လည်စဉ်းစား
စရာ ဖြစ်လာနေသည်ဟု ပြောဆိုခဲ့သည်။နိုင်ငံတကာမှလည်း တစ်နိုင်ငံလုံးရေကြီးမှုအပေါ်
စိုးရိမ်မှုများ ရှိလာနေသည်။အစိုးရမှ ကူညီပံ့ပိုးမှုအားနည်းနေပြီး တစ်နိုင်ငံလုံး ပြန်လည်ထူ
ထောင်ရေးနှင့် နိုင်ငံတကာမှ လာရောက်အကူညီမှုများကို ရေဘေးဒုက္ခသည်များက
 မျှော်လင့်ထားသော်လည်း အစိုးရမှခွင့်မပြုသဖြင့် ၀င်ရောက်ကူညီနိုင်မှုမရှိပေ။

မြသိန်း