Friday, August 14, 2015

သူရရွှေမန်း နောက်ဆက်တွဲပြသနာများနှင့် မြန်မာ့နိုင်ငံရေး


၁၄-၈-၂၀၁၅
ယခုတလော ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကို တာဝန်ယူထားတဲ့ သူရဦးရွေမန်းကို ရဲ နှင့် စစ်တပ်
ကကူညီပြီး  ကြံ့ခိုင်ရေးပါတီရဲ့ အဆောက်အအုံးကြီးကို ၁၁-၈-၂၀၁၅ ရက်နေ့ မှာ ၀င်ရောက်စစ်ဆေး
ခဲ့ပြီး ဦးရွှေမန်းကို ရာထူးမှဖြုတ်ချခဲ့တယ်လို့  သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။  ကြံ့ခိုင်ရေးပါတီရဲ့
ဥက္ကဋ္ဌ နေရာမှာ သမ္မတကြီး ဦးသိန်းစိန်က ဥပဒေအရ ပါတီမှာ ၀င်ရောက်လုပ်ကိုင်လို့ မရလို့ 
ဒု-ဥက္ကဌ ဖြစ်တဲ့ ဦးရွှေမန်းကို ပူးတွဲဥက္ကဌ အဖြစ်တာဝန် လွှဲအပ်ထားတယ်လို့  ဆိုပါတယ်။

ယခုဖြစ်စဉ်မှာ ဘာကြောင့် ဦးရွှေမန်းကို ဖယ်ရှားခဲ့တဲ့ အကြောင်းအရင်းဟာ ခိုင်လုံမှုမရှိပါဘူး။
လက်ရှိတာဝန်ရှိတဲ့ ဦးပိုက်ထွေး က သူရဦးရွှေမန်းဟာ လွှတ်တော် ဥက္ကဌ တာဝန်နဲ့  နာယက
တာဝန်ကိုယူထားဒါကြောင့် တာဝန်ကြီးပြီး ၂၀၁၅ ရွှေးကောက်ပွဲအတွက် ပါတီလုပ်ငန်းတွေကို
ဖိဖိစီးစီးဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် ဖယ်ရှားရတာ ဖြစ်တယ်လို့  ပြောပါတယ်။ဒါဖြင့်ရင်
ဦးရွှေမန်းကတော့ ဟုတ်ပါပြီး သူနဲ့ အတူ အမှုဆောင်အဖွဲ့ က ဖယ်ရှားခံရတဲ့ ဦးမောင်မောင်သိန်း
သူရ ဦးအောင်ကို စသည့် ဗဟိုအလုပ်အမှုဆောင်တွေလည်း ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့် အာဏာတည်ဆောက်မှုကြောင့် ဖြစ်နှိုင်ခြေများပါတယ်။
သူရဦးရွှေမန်းဟာ ပါတီဥက္ကဌ ဖြစ်တဲ့အတွက် ၂၀၁၅ အလွန်မှာ သမ္မတ နေရာကို ရာထားခြင်း
ခံရသူလည်းဖြစ်သည့်အပြင် အာဏာရှိပြီး စီးပွားရေးကိုလည်း အခိုင်အမာ တည်ဆောက်ထားသူ
တစ်ဦးဖြစ်ပါတယ်။ ဦးရွှေမန်းကို ထောက်ခံသူတွေဟာ ဘက်ပေါင်းစုံမှာရှိပြီး စစ်ဘက်နယ်ပယ်မှ
လည်း ထောက်ခံသူတွေရှိနေကြပါတယ်။

ဖြစ်ပွားခဲ့တဲ့ပြသနာကတော့ အာဏာလူ့ ပွဲပါ။ သမ္မတ ဦးသိန်းစိန်က တဘက် လွှတ်တော် ဥက္ကဌ
ကတဘက် အင်အားပြိုင်တာဖြစ်ပြီး ဦးသိန်းစိန်က လက်ဦးသွားပေမဲ့ ဒီပြသနာဟာ ငြိမ်းသွားမဲ့
ပြသနာမဟုတ်ပါဘူး။ သူရရွှေမန်း မထွက်လာသေးဘဲ ပြောက်နေတဲ့အခြေအနေအရဆိုရင်
လက်က္ခဏာ မကောင်းပါဘူး။ တကယ်ဆိုရင် သူရရွှေမန်းဘက်ကလည်း တုန့် ပြန်မှုတွေပေး
ရမှာပါ။ ယခုအနေအထားအရ ထွက်မလာတာဟာ ပြသနာတွေရှိနေပြီး ပြောခွင့်မပေးဘဲ
အသာစီးရထားတဲ့ အဖွဲ့ က ထိန်းချုပ်ထားပုံရပါတယ်။ နောက်ပြီးတစ်ချိန်ထဲမှာပဲ လွှတ်တော်
ကိုယ်စာလှယ် ယုတ်သိမ်းတဲ့ ဥပဒေကို လွှတ်တော်မှာ ၂ကြိမ်တင်ခဲ့တာ မပြီးပြတ်သေးတဲ့
အတွက် အချိန်ကိုက် ရွေးကောက်ပွဲကော်မတီက ပြန်တင်လာတာတွေ့ ရတဲ့အတွက် အခြေ
အနေကတော့ သိပ်မကောင်းပါ။ သူရရွှေမန်းကို ဥက္ကဌ နေရာဖယ်ရှားခြင်းဟာ ပါတီနဲ့ ပဲ
သက်ဆိုင်တယ်လို့  ယူဆကြပေမဲ့ သူရရွှေမန်းမျှော်မှန်တဲ့ သမ္မတနေရာပါ ဖယ်ရှားခံရတာ
ဖြစ်ပါတယ်။ဒီလိုအင်အာသုံး ရဲနဲ့ တပ်မတော်က ကူညီဖယ်ရှားပေးခြင်ဟာ တပ်မတော်က
သူရရွှေမန်းကို ထောက်ခံမဲ့ပုံမပေါ်တော့ဘူး။

လွှတ်တော်ဥက္ကဌ နေရာဖြုတ်ချနိုင်ဖို့  မဲဆန္ဒနယ်မြေက စစ်တပ်မိသားစုတွေက စာတင်လာတာ
လွှတ်တော်ကိုယ်စာလှယ်ကို ဖြတ်ချနိုင်မဲ့ ဥပဒေကို ပြဌာန်းဖို့  ကြိုးစားတာတွေဟာ သူရရွှေမန်း
ရဲ့  ရှေ့ ပြေးနိမိတ်တွေပါ။ လွယ်လွယ်ကူကူနဲ့  ဖြုတ်ချလို့ မရလို့  ရဲနဲ့ စစ်အင်အားသုံးဖြုတ်ချတာ
ဟာ ပါတီတစ်ခုရဲ့  လုပ်ထုံးလုပ်နည်းမဟုတ်ပါ။အင်အားသုံး ဖြေရှင်းခြင်းဟာ အာဏာရှင်တွေရဲ့ 
လုပ်ရပ်ဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်နေသူရဲ့  ဥပဒေမဲ့လုပ်ရပ် ဥပဒေကို မလေးမစား ပြုလုပ်ခဲ့
ခြင်းကြောင့် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်ရာရောက်ပါတယ်။ပြင်လို့ မရတဲ့ စစ်အာဏာရှင်တွေ
ဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် မဖြေရှင်းနိုင်ရင် အင်အားသုံးဖြေရှင်းကြပါတယ်။ ကျောင်းသား
တွေ ပညာရေးစနစ် ပြောင်းလဲဖို့ တောင်ဆို့ ခဲ့ရာမှာလည်း အလွန်အကျွန် အင်အားသုံးဖြေရှင်းပြီး
ကျောင်းသားတွေကို မတရားတဲ့ ပုဒ်မတွေတပ်ကာ ဖမ်းဆီးထားတာက သက်သေပါ။

လက်ရှိ ဦးသိန်စိန်အစိုးရ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အင်မတန်
ကြောက်စရာကောင်းတဲ့ ပါတီကြီးတစ်ခုပါ။ စတင်တည်ထောင်ခဲ့စဉ်က စစ်တပ်မှ အကြီးအကဲ
တွေကတည်ထောင်ကာ လူမှုရေးအသင်းဆိုပြီး အင်အားစုခဲ့ရာ လူမိုက်များကိုမွေးကာ ဒီမိုကရေစီ
နဲ့  လူ့ အခွင့်အရေးပြသနာတွေကို စွမ်းအာရှင်တွေနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ကမ္ဘာမှာ လူ့ အခွင့်ရေး
ချိုးဖေါက်တဲ့ နိုင်ငံအဖြစ်ထင်ရှားခဲ့ပါတယ်။လက်ရှိမှာလည်း ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့
၂၀၀၈ ဖွဲ့ စည်းပုံအခြေဥပဒေနဲ့  ပြည်သူတွေကိုအုပ်ချုပ်နေပြီး ပြင်ရခက်နေသည့်အပြင် တပ်
မတော်က မထောက်ခံသည့်အတွက် ခက်ခဲနေရပြီး လွှတ်တော်ကိုယ်စားလှယ်ဖြုတ်ချရေးနဲ့ 
မဘသ ကတင်တဲ့ ဥပဒေတွေကို မိမိပြင်ချင်တာဆိုရင် လွယ်လွယ်ကူကူနဲ့  ပြင်ဆင်ဖို့ ကြိုးစားကြ
ပါတယ်။ နိုင်ငံနဲ့  ပြည်သူတွေရဲ့  အကျိုးစီးပွားအတွက် ပြင်ဆင်ရမဲ့ ဥပဒေတွေကိုတော့ ပယ်ချ
ခဲ့ပါတယ်။ဒီအပြင် ဗိုလ်ချုပ် ဗိုလ်မှူးကြီးတွေကို ရာထူးမှတုတ်ပယ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစား
ကာ ပါတီက နှုတ်ထွက်တဲ့ ၀န်ကြီးနဲ့ လွှတ်တော်ကိုယ်စာလှယ် စစ်သားတွေကို ပြန်ပြီးမိမိရာထူး
နေရာပြန်ခန့် တယ်ဆိုတာကိုကြည့်ရင် စစ်တပ်ကို လိုသလိုအသုံးချနေတာတွေ့ ရပြီး တပ်မတော်
ဟာ ကာကွယ်ရေးအတွက်မဟုတ်ပဲ နိုင်ငံရေးအတွက် စစ်တပ်အကြီးအကဲတွေကို အလုံးအရင်း
နဲ့  ကြံ့ဖွတ်ပါတီထဲ ၀င်ရောက်လာတာဟာ နိုင်ငံရေးမှာ သတိပြုရမဲ့အချက်ပါ။လက်ရှိအာဏာရှင်
လူတစ်စုဟာ အာဏာတည်မြဲရေးအတွက် တပ်မတော်ကိုနိုင်ငံရေးထဲဆွဲသွင်းပြီး အသွင်ပြောင်း
အရပ်ဝတ်ဟန်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ခေတ်သစ်အရပ်ဝတ်ပုံစံနဲ့  အသက်သွင်းနေတာ
 တွေ့ မြင်ရပါသည်။

ဦးရွှေမန်းလည်း ခေသူမဟုတ်ပါ သူ့ မှာလည်း ထောက်ခံသူစစ်တပ်နဲ့  ပါတ်ဝန်းကျင်ရှိပြီးသား
ပါ။တချိန် ပြန်ပြီးခေါင်းမော့နိုင်မဲ့ ၂၀၁၅ ရွှေးကောက်ပွဲက စောင့်နေပါတယ်။ မကြာခင်ထွက်လာ
ပြီး ပြောသင့်ပြောထိုက်တာတွေ ပြောလာမှာပါ။ ယခုအချိန်ဟာ အခြေအနေအမျိုးမျိုးကြောင့်
ပြောခွင့်မရပေမဲ့ သူ့ အလည့်ဆိုတာပေါ်လာမှာပါ။ ဥပဒေအရ ထိမ်းသိမ်းရခက်နေတဲ့ ဦးရွှေမန်း
ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ မကြာခင်ပေါ်လာမည်။ခြင်္သေ့ နှစ်ကောင်တစ်ဂူထဲမှ အောင်ဖို့ 
မလွဲပါ အဆွယ်တွေရှိကြတဲ့အတွက် လူ့ ကြ ခတ်ကြ ပုတ်ခတ်ကြနဲ့  ကြံ့ဖွတ်ပါတီရဲ့  လက်စွမ်း
ကောင်းတွေပြပြီး ဥပဒေနဲ့ ဘယ်လောက်ညီညွတ်တယ် မညီညွတ်ဘူး ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်
ဆိုတာ ပြည်သူတွေ မျက်ဝါးထင်ထင်တွေ့ မြင်ကြရတော့မယ့် အချိန်ရောက်လာပါပြီ။ အားပြိုင်တဲ့
ပွဲကြီးကို ဘယ်သူနိုင်မလဲ စောင့်ကြည့်ရတာပေါ့ဗျာ။

မြသိန်း