Friday, August 14, 2015

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို ချိုးဖေါက် ကြောင်းထင်ရှားနေသည်။



၁၄-၈-၂၀၁၄
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီ
ဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့
ရပြီး အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီတစ်ခု၏ လုပ်ငန်းတာဝန်များ
 ထမ်းဆောင်ခွင့် မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ
 လွှဲအပ်ထားခဲ့သည်။ အဆိုပါ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက The Voiceသို့ပြောကြား
သည်။ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်း ကလည်း အတည်ပြုပြော
ကြားခဲ့သည်။ ယနေ့ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပါတီ
 ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သဖြင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူးကို တရားဝင်
ရယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီခေါင်းဆောင် များကဆိုသည်။

နေပြည်တော်၂၀၁၅ ခုနှစ် သြဂုတ် ၁၃- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမြဲတမ်း
ဥက္ကဋ္ဌသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သာ ဖြစ်ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးက တရားဝင် ပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတ
သည် အခြေခံဥပဒေ ပုဒ်မ ၆၄ အရ လုပ်ပိုင်ခွင့်မရှိဟု သတ်မှတ်ထားသော်လည်း ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ အမြဲတမ်း ဥက္ကဋ္ဌသည် နိုင်ငံတော် သမ္မတဦးသိန်းစိန်သာဖြစ်သည်ဟု ဆိုထား
သောကြောင့် သမ္မတသည် ဥပဒေကို လက်တစ်ခြားလုပ်၍ အသုံးချနေသည်မှာထင်ရှားသည်။

ဥပဒေတွင်နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံရေးပါတီ အဖွဲ့ အစည်းမျာ၏ ပါတီ
 လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ၊ ၀န်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်
သမ္မတ (သို့ )ဒုသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေမှစ၍ နှုတ်ထွက်ပြီး
 (သို့ ) အငြိမ်းစားယူပြီးဖြစ်ရမည် ဟု မှတ်ယူရမည်လို့  ဥပဒေတွင် ပြဌာန်းထားသည်။ထိုကြောင့်
 ပါတီ၏ဖွဲစည်းပုံအရ မိမိ၏အမည်ပါဝင်နေခြင်း၊ ရာထူးတာဝန်နေရာယူထားခြင်း၊အဖွဲ့ ဝင်လစ်
တွင် အဖွဲ့ ဝင်ဖြစ်နေသည်မှာ ထင်ရှားသောကြောင့် ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးပေါက်
သည်ဟု ဆိုနိုင်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမြဲတမ်း ဥက္ကဋ္ဌ အဖြစ် သတ်မှတ်
ထားခြင်းသည်လည်း ဥပဒေကို ချိုးဖေါက်ခြင်းဖြစ်သည်။

ပြည်သူတစ်ဦးအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေအား ချိုးဖေါက်ရာရောက်နေသည်ကို
ထောက်ပြဝေဖန်ခြင်းဖြစ်သည်။

မြသိန်း