Thursday, July 23, 2015

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုဒီငြိမ်းလင်းနှင့်
ကိုစည်သူမောင် အပါအ၀င် တတ်သိပညာရှင် ၂ ဦး NLD က ၀င်ရောက်အရွေးခံမည်

၂၃-၇-၂၀၁၅

88 မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ၂၀၀၇ ခုနှစ်တွင်ပါဝင်လှုပ်ရှားခဲ့သူများဖြစ်ကြတဲ့                           ကိုဒီငြိမ်းလင်းနဲ့  ကိုစည်သူမောင် တို့ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေ၀င်ရောက်ရှင်ပြိုင်ဖို့          တင်ထားပြီးဖြစ်တယ်လို့  သိရပါတယ်။

ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းနှင့် UMFCCI တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဦးအေးလွင်   တို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတစ်ဆင့် ရွေးကောက်ပွဲ ၀င်သွားမည်                    ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲ့  ဖိနှိမ့်အုပ်ချုပ်တဲ့စနစ် ကြာမြှင့်လာသည်နှင့်အမျှ ပြည်သူတွေဟာ ပြေးစရာထွက်ပေါက်        မရှိဖြစ်ခဲ့ရပြီး စိတ်၏ ဖိစီးမှုဒါဏ်ကို ခံခဲ့ရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏              နိုင်ငံရေး အရွေ့ တစ်ခုကို အားထားသူများလှပြီး တစ်ဖက်မှ အင်အားသုံးဖိနှိမ့်မှုများများပြားလာတာ            ကြောင့် ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာလည်း အခက်တွေ့ ခဲ့ရပြီး အပြောင်းအလဲတစ်ခု သိသိသာသာ             ပြောင်းလဲဖို့  လိုအပ်တဲ့အချိန်ရောက်လာပြီလို့  ပြည်သူတွေက ရှု့ မြင်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ        ၈၈ မျိုးဆက်သစ်ခေါင်းဆောင်များရဲ့  သမိုင်းတွင်မည့် ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာ့ တစ်လွှားကို           ပြန့် နှံစေခဲ့ပြီး တတ်သိပညာရှင်များဟာလည်း မြန်မာနိုင်ငံရဲ့ အကြပ်အတည်းမှာ မိမိတို့ ရဲ့  တာဝန်           ရှိလာပြီလို့  ယူဆလာကြသူတွေများလာတဲ့အတွက် တတ်သိပညာရှင်အများအပြားဟာ NLD ဘက်မှ      ၀င်ရောက်ရှင်ပြိုင်ဖို့  ဆုံးဖြတ်လာကြတာ တွေ့ ရပါတယ်။

တစ်ဘက်မှာ အာဏာရှင်တွေဟာ နည်းမျိုးစုံနဲ့  ရွေးကောက်ပွဲကို အနိုင်ရဖို့ အားထုတ်နေကြပါ         တယ်။အာဏာရှင် ခေတ်အဆက်ဆက်မှာ ပြည်သူ့ ဝန်ထမ်းတွေကို မိမိတို့ က ခန့် အပ်ထားသ                 ယောင်နဲ့ ချယ်လည်နေကြတာကိုတွေ့ ရပါတယ်။ တကယ်တော့ (၀န်ထမ်းဆိုတာ နိုင်ငံဝန်ထမ်းပါ           နိုင်ငံတော်က ခန့် အပ်ထားပြီး နိုင်ငံတော် ဘဏ္ဍာငွေနဲ့  လစာပေးနေတာဖြစ်ပါတယ်။) ဘယ်         အာဏာရှင်ကမှ မိမိရဲ့ ငွေကို စိုက်ထုတ်ပြီး လစာပေးဒါမဟုတ်ဘူးဆိုတာ ပြည်သူတွေသိဖို့ လို              ဘာတယ်။ဝန်ထမ်းတွေကို ကြံဖွတ်ပါတီက မိမိတို့ ပါတီကို မဲပေးဖို့  အတင်းအကြပ်လုပ်တာဟာ              ဥပဒေကို ချိုးဖေါက်တာဖြစ်တယ်လို့  ၀န်ထမ်းတွေသိဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့  အခက်အခဲ                 များကို ကျော်လွှား နိုင်ဖို့  ပြည်သူတွေအားလုံးဟာ လွှတ်လွှတ်လပ်လပ်နဲ့  မိမိတို့ ပေးချင်တဲ့ပါတီ               ကို မဲပေးနိုင်ဖို့ အရေးကြီးပြီး မိမိတို့ လိုချင်တဲ့ အစိုးရကို မိမိတို့ ဆန္ဒနဲ့ အညီ ရွေးချယ်နိုင်မှသာ              တိုင်းပြည်ဟာ အရွေ့ တစ်ခုကို ကျော်လွှားနိုင်မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး            တရားမျှတစွာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများ ရရှိလာမည်ဆိုလျှင် ဒီနိုင်ငံဟာ နှစ်အနည်းငယ်                 အတွင်းမှာ တိုးတက်အောင်မြင်လာမည်ဖြစ်ပေသည်။ ထိုကြောင့် ရွေးချယ်မှုမမှားအောင်                      မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ နဲ့  စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးမှာ                             ပြည်သူတွေ တတတ်တအားပါဝင်ဖို့  တိုက်တွန်းလိုက်ရပါတယ်။

မြသိန်း