Friday, July 24, 2015

လူမိုက်ကြီး ဦးအောင်သောင်း ပြန်လမ်းမရှိ လူ့ လောကမှ အပြီးထွက်ခွာ

၂၄-၇-၂၀၁၅
လူမိုက်ကြီးသေတော့လည်း ဘာမှယူသွားနိုင်တာမဟုတ်ဘဲနဲ့  မိုက်တွင်းနက်ခဲ့တာ သေခါနီးကျ
တော့ သတိတောင်ပြန်မလည်တော့ဘူး သေမင်းက တခါတည်းခေါ်သွားတာ ကောင်းမှုကုသိုလ်တွေ
တောင်မကယ်နိုင်ဘူး။ တချို့ ကြားဘူးတယ် သေခါနီးမျက်ရည်ကျပြီး နောင်တရကြတယ်တဲ့။ ဦးအောင်
သောင်းမှာ အကုသိုလ်တွေများလွန်းအားကြီးလို့  စဉ်းစားချိန်တောင်မရလိုက်ဘူး။ ဒါဟာနောက်လူ
တွေအတွက် သင်ခန်းစာဘဲ၊ မိမိရဲ့  မကောင်းတဲ့စိတ်ထား ပြည်သူတွေအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခဲ့
တာတွေ၊ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီးကို ခေါင်းဆောင်ခဲ့တာတွေ၊တိုင်းပြည်ရဲ့  သယံဇတတွေကို
မိမိအိပ်ထဲထည့်ပြီး သားစဉ်မြေးဆက် စားမကုန်အောင် ဘီလံနဲ့ ချီပြီး လုပ်စားခဲ့မှုတွေကြောင့် ကိုယ့်
အပြစ်နဲ့ ကိုယ် ခံပေအုံးတော့ သံတရာကြွေး၊ ငရဲပြည်မှာ ဆပ်ပေအုံးတော့၊ သွားလေသူအပုဒ်ကောင်
ကြီးကို ကျန်ရစ်သူများက ရွေထီး ငွေထီးဆောင်ပြီး ဘုရားတကာ ကျောင်းတကာ လို့ တင်စားကြ
ပေမဲ့ သေသူများတော့ မချိမဆန့်  မိမိရဲ့ အကုသိုလ်ကဖိစီးခံရလေပြီ၊ ဒါဟာ နောင်ဘ၀မဟုတ်ဘူး
လက်ရှိဘ၀မှာတောင် သူများတွေလို မီးဇာကုန် ရေခမ်းနဲ့ သေရတာမဟုတ်ဘူး၊၊ နဖူးပေါ်ထိပ်ကွပ်
ဥနှောက်ကို အသုံးချလွန်းလို့  သွေးကြောပေါက်ပြီးသေရတာ ပြောရမယ်ဆိုရင် အသေဆိုးလို့ ဆို
ရတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်စား ဆိုသလို ရရာစားသမား
များရဲ့  နောက်ခရီးဟာ ကျန်သူများ သင်ခန်းစာယူဖို့ ကောင်ပြီး၊နောက်တစ်ယောက် ကျန်သေးတယ်
သူ့ အလှည့်လည်း နီးလာလေပြီ၊ နိုင်ငံကို အာဏာရှင်စနစ်နဲ့ ဖိနှိပ့်ခဲ့ ကြတဲ့သူတိုင်းဟာ ပြည်သူတွေရဲ့ 
 မေတ္တာစူးရှပြီး သေချင်းမလှဖြစ်ခဲ့ကြရတယ်၊၊  ဟို ဗိုလ်ချုပ်မှုးကြီးလဲ သူအလှည့်နေ့ လားညလာပေါ့
တချိန်က ကြွဖွတ်တွေ နိုင်ငံရေးသမားတွေကို ထောင်သွင်းအကျဉ်ချပြီး မျိုးဆက် ပြတ်အောင်ရည်ရွယ်
ခဲ့ကြတာ လူတိုင်းသိကြတယ်။ ယနေ့ သူတို့ အလှည့်ပြန်ရောက်ပြီ ကြံဖွတ်ထဲက ကြီးမိုက်ကြီးတွေ
 ကြွေချိန်ရောက်လာလေပြီ တစ်လှည့်ပြန်ခံကြပေအုံးတော့။

သူတို့ ရဲ့ ဖိနှိပ့်ခံခဲ့သူတွေဟာ ခံတီပါရမီနဲ့  ကြံကြံခံပြီး ဘ၀တွေ ပေးဆပ်ခဲ့ကြရတယ်။ အခုအချိန်မှာ
တော့ မေတ္တာတရားကြီးမားသူတွေဟာ နောက်ဆုံးတော့အင်အားသစ်တွေနဲ့  အသစ်တဖန်ဆန်း
သစ်လို့  အောင်ပွဲခံဖို့ နီးလာချေပြီ၊ သံဝေဂတရား လက်ကိုင်ထားကာ ဆန့် သောလက်မကွေမှီ
 ကွေးသောလက်မဆန့် မှီ သင်င်္ခါရတရား အမြဲရှိဖို့ လိုအပ်ပေသည်။ သတ္တ၀ါတစ်ခု ကံတစ်ခုမို့ 
 ဖြစ်ချိန်တန်ဖြစ် ပျာက်ချိန်တန်ပျက် ဘယ်သူမှတား၍မရပါ။အကောင်းအဆိုး မိမိ၏ လုပ်ရပ်အပေါ်
မှာသာမှုတည်ပြီး နောင်တ နောင်မှရလျှင် အချိန်မမှီတော့ပါ။ကျန်ရှိနေသေးသောအချိန်လေးကို
 တန်ဖိုးရှိရှိ အသုံးချတတ်ဖို့  လိုအပ်ပေသည်။သွားလေသူ ဦးအောင်သောင်း လူမိုက်ကြီးရေ
အမျှ အမျှ အမျှ--- ရနိုင်ဖို့ တော့ မလွယ်ပင်မဲ့ သာဓုလေးတော့ ပေးလိုက်ပါ့မယ်။

မြသိန်း