၂၁-၇-၂၀၁၅
လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ တတ်သိပညာရှင်တွေ နိုင်ငံနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ
ဆောင်ရွက်နိုင်ဖို့  ခေတ်စနစ်အပြောင်းအလဲမှာ မိမိတို့ ရဲ့ အောင်မြင်တတ်မြောက်ထားသော
ပညာတွေကို လူထုအတွက် မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့  ပြည်သူ့ ဘက်မှ ရပ်တည်လာတာဟာ
ခေတ်တစ်ခုရဲ့  အရွေ့ အပြောင်းလို့ ဆိုနိုင်သလို့  စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ 
အင်အားတွေရှိလာနေတယ်ဆိုတာ ထင်ရှားပါတယ်။
NLD ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ကြရန် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊
ပညာရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရေးမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ သိန်းလွင်နဲ့ ဒေါက်တာ ညိုညိုသင်း။
လူမှု့ အကျိုးပြု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးဝင်းချို ၊.မန္တလေးဆေးတက္ကသိုလ်က ပါမောက္ခချုပ်
(ငြိမ်း)ဒေါက်တာ သန်းဝင်း၊ညောင်လေးပင် မြို့နယ်ကနေဒေါက်တာ မြင့်သိန်းကလည်း
ပြည်ဆေးရုံကြီိးနဲ့ မအူပင် ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် အမတ်လောင်း
စာရင်းကို အဆိုပြုထားတဲ့လျှောက်လွှာတွေ တင်သွင်းခဲ့ကြပြီးပါပြီ။
လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၈၈မျိုးဆက်က ဦးကိုကိုကြီးဟာ
NLD ပါတီကိုဝင်ရောက်လိုက်ပါပြီ သူနဲ့အတူ ၈၈မျိုးဆက်က ၁၇ယောက်လည်း NLD ကနေ ဝင်ရောက်
ယှဉ်ပြိုင်မည်လို့ သိရပါတယ်။၁၉၉၆-၉၈ မျိုးဆက်က မဇင်မာအောင်၊ Blogger ကိုနေဘုန်းလတ်၊
ဒေါ်ဆူဇန်နာ လှလှစိုး စတဲ့ လှုပ်ရှားတက်ကြွသူတွေကလည်း NLD ပါတီကနေ ရွေးကောက်ပွဲ
ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။
နိုင်ငံအတွက် အကျိုးပြုခဲ့ ပြုနေတဲ့သူတွေ အသိပညာရှင် အတတ်ပညာရှင်များစွာ NLD ကနေ ၀င်ရောက်
ရှင်ပြိုင်ဖို့ တာဆူနေကြပါပြီ၊ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်မည့် ပြည်သူအများအပြား
ပေါ်ထွန်းနိုင်ပါစေ။
မြသိန်း