Friday, April 3, 2015

ရွှေညဝါဆရာတော် ဂျပန်နိုင်ငံသို့  ရောက်ရှိလာရာ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ လှိုက်လှိုက်လှဲလှဲကြိုဆို


၃-၄-၂၀၁၅
ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် လက်ထောက်ဆရာတော် ဦးသူရိယ
ဆရာတော်(၂)ပါးသည် လာမည့် ဧပြီလ(၃)ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့
ခေတ္တသီတင်းသုံး ကြွရောက်လာပြီး ဧပြီလ ၉ရက်နေ့အထိသီတင်းသုံး နေထိုင်မှာ
 ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှ လှိုက်လှိုက်လှဲလှဲ ကြိုဆို
ခဲ့ကြသည်။

ဆရာတော်(၂)ပါးနှင့်အတူ ပေါ်ပြူလာဂျာနယ်အယ်ဒီတာတဦးဖြစ်ပြီး
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ Political Adviser တဦးဖြစ်သူ စာရေးဆရာ
(အလင်းဆက် IR)လည်း အတူ ရောက်ရှိလာမည် ဖြစ်ပါသည်။

 ရွှေညဝါဆရာတော်၏ တိုကျိုရောက် မြန်မာမိသားစုများအတွက် တရားပွဲအား
လာမည့် ဧပြီလ(၅)ရက်နေ့တနင်္ဂနွေနေ့ ညနေ ၆-နာရီအချိန်တွင် တိုကျိုမြို့
မြန်မာဘုန်းတော်ကြီး ကျောင်းရှိရာနာကအိတဘရှိမြို့ရှိ ချိအိခိစင်တာတွင်
တရားရေအေး တိုက်ကျွေးမည် ဖြစ်ပါသောကြောင့် ဓမ္မမိတ်ဆွေများအား
ဖိတ်ကြားအပ်ပါသည်။

ဓါတ်ပုံ ဒီမိုဝေယံ