Friday, April 3, 2015

ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် လီဗာပူးတက္ကသိုလ်သြစတြေလျ နိုင်ငံ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂ ဥက္ကဌနှစ်ဦးအပါအဝင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များနှင့် မြန်မာသမဂ္ဂကျောင်းသားများရဲ့ တွေ့ဆုံပွဲ ။



၎-၄-၂၀၁၅
တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုဇေယျာလွင်
ကိုနန်းလွင်တို့ အဖွဲ့ဝင် ၅ ဦးသည့် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် လီဗာပူး
တက္ကသိုလ်သြစတြေလျ နိုင်ငံ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂ ဥက္ကဌနှစ်ဦး
အပါအဝင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
စီစဉ်ပေးမှုအရလွှတ်တော်ရေးရာဆောင် I.12 ၌ ၃ .၄.၂၀၁၅ ရက်နေ့ နေ့လည်
၂ နာရီမှ ၄နာရီအထိသက်ဆိုင်ရာ နိုင်ငံများ တက္ကသိုလ်များ၏ ကျောင်းသားသမဂ္ဂ
အခန်းကဏ္ဍများနှင့် ဆိုင်ရာနိုင်ငံများ၏ပညာရေးမူဝါဒ စနစ် များနှင့် ပါတ်သက်၍ အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ဗြိတိန် နှင့် သြစတြေလျနိုင်ငံများမှ သက်ဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဌ
များနှင့် အဖွဲ့ဝင်များသည် နောက်ရက်များတွင် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ
ဆိုင်ရာ ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။
သတင်းဓါတ်ပုံ- NLD Chair person@ Aung Htet(The Voice)ဲ