Saturday, March 7, 2015

ရဲတပ်ဖွဲ့အား သင်တန်းပေးသည့် EU ကို ကျောင်းသားများ ဆန္ဒပြ




၇-၃-၂၀၁၅
မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့အား သင်တန်းပေးထားသော ဥရောပသမဂ္ဂ(EU)ကို ကန့်ကွက်
ရှုတ်ချသည့် အနေဖြင့် ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံရှိ EU ရုံးရှေ့၌ ဗမာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗဟို) ကျောင်းသားများက ဦးဆောင်ပြီး ယနေ့
ညနေ ပိုင်းက ဆန္ဒပြသည်။ အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်မှုကြောင့် တားဆီးခံ
ထားရသည့် ကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒပြသူများကို ရဲ တပ် ဖွဲ့က အင်အား
သုံး ဖြိုခွင်းမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေကို EU က တာဝန်ယူရန်ဆန္ဒပြ
ခြင်းဖြစ်ကြောင်း သိရသည်။ “ရဲဝန်ထမ်းတွေကို EU က ၂၀၁၂ ခုနှစ်ကစပြီး သင်တန်း
တွေပေးတယ်။ အဲဒီသင်တန်းတွေက ကျနော်တို့ ကျောင်းသားတွေ၊ ပြည် သူ တွေကို ရိုက်နှက်ဖမ်းဆီးဖို့ ဖြစ်နေပြီ။ ဒါကြောင့် အဲဒါကို ကန့်ကွက်ရှုတ်ချတယ်။ ဒီအခြေအနေကို
EU အဖွဲ့က သိစေချင်လို့ လှည်းတန်းက ရုံးရှေ့မှာ ဆန္ဒပြတာပါ”ဟု အမည် မဖော်လို
သည့် ဗကသ အဖွဲ့ဝင် ကျောင်းသားတဦးက ပြောသည်။ ဆန္ဒပြပွဲတွင် ကျောင်းသား ၂၀
ခန့်က ဆန္ဒပြခြင်းဖြစ်ပြီး ဆန္ဒပြပွဲ၏ ကြာချိန်သည် ၁၀ မိနစ်ခန့်သာဖြစ်သည်။

(ဓာတ်ပုံ - စတိဗ်တက္ကနာ/ဧရာဝတီ)