Friday, March 6, 2015

ဒီမိုကရေစီဖန်းပြပြီး ဦးသိန်းစိန်အစိုးရ လက်သတ်မွေးထားသော တရားမ၀င် စွမ်းအားရှင်ဂိုဏ်းမှ ကျောင်းသားနှင့်ပြည်သူကို အကြမ်းဖက်ဖြိုကွင်းမှု နိုင်ငံတကာခုံရုံးတွင် တရားဆွဲမည်


 လက်ပံတန်းကျောင်းသား သပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများ,
ယနေ့  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ရာ ရဲများမှ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့သည်ဟု
သတင်းများ ထွက်ပေါ်နေသည်။


 ယနေ့ ညနေ ၄း၃၀ မိနစ်က မြို့တော်ခန်းမရှေ့တွင်ပြုလုပ်နေသာ ကျောင်းသား
သပိတ်ထောကခံဆနပြပွဲကို အာဏာပိုင်များနှင့် လက်ပတ်နီဝတ် အရပ်သားများက
အကြမ်းဖက်ဖြိုခွင်းခဲ့သည်။


မြန်မာအစိုးရသည် ဒီမိုကရေစီကို ဖန်းပြပြီး ၂၀၀၈ ဖွဲ့ စည်းပုံဖြင့် နိုင်ငံနှင့်နိုင်ငံသားများကို ဥပဒေမဲ့
အကြမ်းဖက်လုပ်ရပ်များသည် ၁၉၈၈ ခုနှစ်မှ ယနေ့ အချိန်အထိ အမှုပေါင်းများစွာကို သက်သေ
အထောက်အထားများဖြင့် ရရှိထားပြီးဖြစ်သော်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်
နိုင်ငံတကာအစိုးရများမှ စောင့်ကြည်နေဆဲဖြစ်ရာ အစိုးရမှ စွမ်းအားရှင်ဟုခေါ်သော လူမိုက်ဂိုဏ်းကို ၈၈ နောက်ပိုင်းမွေးထုတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးအခင်းများတွင် အရပ်ဝတ်လူငယ်များကို မွေး၍
အကြမ်းဖက်ဖြေရှင်းခဲ့မှုများစွာရှိခဲ့သည်။ ဥပမာ မန္တလေးနှင့်မိထ္ထိလာ ဘာသာရေးအထိဏရုံး၊ ရန်ကုန်ကျောင်းသားများအား အကြမ်းဖက်ဖြေရှင်းရာတွင် အသုံးပြုခဲ့သော လက်ပတ်နီတာဝန်လူတစ်စု၊
လက်ရှိဖြစ်ပေါ်နေသာ ဆူပူမှုတိုင်းတွင် အစိုးရမှ ဂိုဏ်းဂဏများဖွဲ့ ၍ ဖြေရှင်းခဲ့သည်မှာ အထောက်
များနှင့်တကွ တွေ့ ရှိရသည်၊၊ ထိုကြောင့် အစိုးရမှပါဝင်ပါတ်သက်၍ လူ့ အခွင့်အရေးချိုးဖေါက်နေ
သည်မှာ ထင်ရှားနေရသည်။ လက်နက်အားကိုးသော လူသတ်အစိုးရနှင့် လူဆိုးဂိုဏ်းများကို
 မွေးထုတ်ပေးသော ဂိုဏ်းခေါင်းဆောင် ဦးသိန်းစိန် အစိုးရအဖွဲ့ အား လူ့ အခွင့်အရေးချိုးဖေါက်မှုဖြင့်   နိုင်ငံတကာခုံရုံးတင်ရန် အထောက်အထားများ ထပ်မံရရှိထားသည်။