Monday, March 9, 2015

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အကြမ်ဖက်စွမ်းအားရှင်များကို ဥပဒေအရအသုံးပြုခြင်းသည် နောက်ကြောင်းပြန်စေသောလုပ်ရပ်ဟု နိုင်ငံတကာမှ ရှုမြင်

၉-၃-၂၀၁၅
 မတ်လ(၅)ရက်နေ့ ညနေ(၄း၀၀) နာရီအချိန်မြို့တော်ခန်းမရှေ့၌ဖြစ်ပွားခဲ့သော ပညာရေးဥပဒေ
ပြုပြင်ပြောင်းလဲရေးထောက်ခံဆန္ဒပြသူများအား ရဲများနှင့် တာဝန်လက်ပတ် ၀တ်ဆင်ထားသော အရပ်သားများမှ အကြမ်းဖက်ရိုက်နှက်ဖြိုခွဲ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး၍ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈
နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
  
 ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈နှင့်အညီဟုဆိုရာဝယ်  ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈ ကို ရဲတွေက သုံးတဲ့အခါ အရပ်သားတွေကိုခေါ်ယူပြီး လူစုဖြိုခွင်းတာမျိုးတွေ လုပ်နိုင်ကြောင်း ထိုသို့ ဥပဒေ
တွင်ဖေါ်ပြထားခြင်းသည် လူမှုအသိုင်းအ၀ိုင်းကို အနှောက်အရှက်မဖြစ်စေလိုသော ရည်ရွယ်ရေးသား
ထားခြင်းဖြစ်၍ ပြသနာကို ဖြေလည်စေရေးကို ရှေ့ ရှု၍ ဥပဒေအဖြစ်ဖေါ်ပြထားခြင်းဖြစ်သည်။ တာဝန်ရှိ
သူများက ထိုဥပဒေကို အသုံးချရာတွင် လူပုဂိုလ်ကိုဖြစ်စေ အဖွဲ့ အစည်းကိုဖြစ်စေ သမာသမတ်ရှိသော
အများလေးစားသောသူနှင့် အဖွဲ့ အစည်းဖြစ်ရမည် သို့ မှာသာ လူစုလူဝေးကို ငြိမ်းချမ်းစွာဖြင့် ဥပဒေ
ဘောင်အတွင်းမှ ဖြေရှင်းနိုင်ရန် ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈ တွင် ရည်ရွယ်၍ ဖေါ်ပြထားခြင်းဖြစ်
သည်။လူဆိုး သူခိုး ကလေကချေ အရိုင်းအစိုင်း အကြမ်းဖက်သူများကို  ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေမှ ဥပဒေနှင့်အညီဟု ပြောဆိုခြင်းသည် တရားဥပဒေ စိုးမိုးမှုကိုခြိမ်းခြောက်ရာရောက်နေပြီး အစိုးရအဖွဲ့ မှ တရားဝင် အကြမ်းဖက်အဖွဲ့  စွမ်းအားရှင်ကို အသုံးပြုခြင်းဖြစ်သည်ဟု ၀န်ခံရာရောက်နေပေသည်။ ထိုအကြမ်းဖက်အဖွဲ့ အစည်းကို အစိုးရမှ
ဥပဒေအရ လက်သတ်မွေး လုပ်ပိုင်ခွင့်ပေးခြင်းသည် တရားဥပဒေနှင့်ညီမညီ ဥပဒေခုံရုံးသို့  တင်ပြ ဆုံးဖြတ်ရမည်ဖြစ်သည်။

အစိုးရ အဖွဲ့ မှ အင်အားသုံးဖြေရှင်းမှုများကို ထောက်မခံကြောင်း ပြည်ထောင်စု ကြံခိုင်ဖွံ့ ဖြိုးရေး ပါတီမှ ကြေညာထားသည်။ထိုအပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်းစွာဖြေရှင်းအဖြေရှာရေးသည် အရေးကြီးကြောင်း ဖေါ်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေမှ  ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈နှင့်အညီဟုဆိုထားခြင်းသည်။ အစိုးရအဖွဲ့ ၏ လုပ်ငန်းစဉ်များကို ရန်ကုန်
 တိုင်းဒေသကြီး ၀န်ကြီးဦးမြင့်ဆွေမှ ပါတီ၏မှုဝါဒများနှင့် ကွဲလွဲနေသည်ဟုဆိုနိုင်သည်။ ထိုလုပ်ရပ်
ကို မည်သို့  ပါတီမှ အရေးယူမည်နည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသော အစိုးရပါတီသည် တိုင်းပြည်
ဒီမိုကရေစီလမ်းကြောင်းကို နောက်ကြောင်းပြန်စေသော လုပ်ရပ်ဖြစ်စေသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကမ္ဘာကဆောင့်ကြည်နေပြီး စစ်မှန်သော ဒီမိုကရေ
စီနိုင်ငံများမှ ဝေဖန်လာနေကြသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့  ပြောင်းလဲရာတွင်
ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေး၊ လူ့ အခွင့်အရေးတို့ က အဓိကကျပြီး ဒီမိုကရေစီ
စံနှုန်းများကို ထိုအချက် (၃)ချက်ဖြင့် ဆုံးဖြတ်လေ့ရှိကြသည်။ထိုကြောင့် အစိုးရအဖွဲ့ ၏ အပေါ်
အောက် ကွဲလွဲမှုများ၊ ပါတီ၏ မှုဝါဒများကို လေးစားမှုမရှိခြင်း၊ ဥပဒေကို မိမိတို့ လိုရာအသုံးပြုနိုင်
အောင်ရေးဆွဲထားခြင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် အာဏာရှင်စနစ်ကို အခြေခံ၍ ရေးဆွဲ
ထားခြင်းတို့ ကြောင့် မြန်မာနိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာဝယ်
အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ပြသနာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပြီး အာဏာသိမ်း
ရန် ဆူပူမှုလမ်းကြောင်းကို ဖန်တီးနေသည်ဟု ပြည်သူများက သုံးသပ်နေကြသည်။

မြသိန်း