Tuesday, March 10, 2015

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ရန်ကုန်သို့  ဆက်လက်ချီတက်မည်

၁၀-၃-၂၀၁၅
လက်ပံတန်းမှာ ပိတ်ဆို့ တားဆီးခံထားရတဲ့ ကျောင်းသားများ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း နံနက် ၁၀ နာရီကျော်မှာ အစိုးရမှ လမ်းဖွင့်ပေးလိုက်ပါပြီ ယခု ထိုင်သပိတ်နေရာမှ ၂ မိုင်ကွာဝေးသော လက်ပံတန်း တာဆုံထိသာ လမ်းလျှောက်မည်။ တာဆုံမှ ရန်ကုန်ထိ ကားဖြင့် ဆက်လက် ထွက်ခွာ
မည်။
ကျောင်းသားများအနေဖြင့် စည်းကမ်းရှိရှိနဲ့  မိမိတို့ ဟာ ငြိမ်းချမ်းစွာတောင်းဆိုခဲ့တယ်ဆိုတာကို ပြသဖို့ 
လိုပါတယ် ဒီမိုကရေစီပညာရေးစနစ်ဟာ မြန်မာနိုင်ငံသားအားလုံးနဲ့  သက်ဆိုင်တဲ့အတွက် အစိုးရမှ
ဥပဒေအရအတည်ပြုပေးဖို့ လိုအပ်နေပါသေးတယ်။ကျောင်းသားများရဲ့  ညီညွတ်မှုနဲ့ စည်းကမ်းရှိမှု
ငြိမ်းချမ်းစွာ တွေ့ ဆုံဆွေးနွေးအဖြေရှာမှုတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်သူလူထု
ရဲ့ အားပေးထောက်ခံမှုဟာ အရေးကြီးပါတယ်။ထို့ ကြောင့် ကျောင်းသားတွေဟာ မိမိတို့ ပေးထား
တဲ့ ကတိတွေကို လေးလေးစားစားနဲ့  ဆောင်ရွက်ခဲ့တယ်ဆိုတာပြသပို့  စည်းကမ်းရှိစွာနဲ့  အိမ်ပြန်
ကြဖို့ တိုက်တွန်းအပ်ပါတယ်။

မြသိန်း