Tuesday, March 3, 2015

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ လူတွေကိုဝေဖန်လို့ရတယ်၊ စော်ကားလို့ မရဘူးဟု ပြောဆိုချက် မိမိတို့ ကိုယ်တိုင်က မလိုက်နာ

 ၃-၃-၂၀၁၅
ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကျင့်သုံးတဲ့အခါမှာ လူတွေကိုဝေဖန်လို့ရတယ်! စော်ကားလို့ မရဘူးလို့ ခင်ဗျားပြောထွက်ရဲတယ်ဆိုရင် ခင်ဗျားမိန်းမကိုယ်တိုင် ပုဂ္ဂိုလ်ရေးစော်ကားခဲ့တာတွေ ပို့စ်တွေရေးပြီး ဒေါ်စုကို တဖက်သတ်ဝေဖန်အပုတ်ချတဲ့ Post တွေရေးခဲ့တာတွေကိုရော ခင်ဗျား
အရေးယူပေးပါ ပြောတဲ့စကားနဲ့  လုပ်တဲ့အလုပ်ညီပါစေ။

တခြားသူကို ဥပဒေအတိုင်း လိုက်နာစေချင်ရင် မင်းမိန်းမရဲ့  လူထုခေါင်းဆောင်ကို ဆော်ကားခဲ့တဲ့
လုပ်ရပ် ချက်ချင်းဥပဒေအရ အရေးယူပေးပါ။ ကိုယ်တိုင်က မလိုက်နာရင် ပြည်သူကလည်း မလိုက်နာ
ဘူး။ အပြောတမျိုး အလုပ်တမျိုးမလုပ်နဲ့  ပြည်သူကို လိမ်လို့ မရဘူး။

အာဏာရှင်တွေဟာ မိမိတို့ ရဲ့ လုပ်ရပ်တွေဖြစ်တဲ့ ပြည်သူတွေကိုဆော်ကားတာတွေ ခေါင်းဆောင်တွေ
ကိုဆော်ကားတာတွေ မတရားလုပ်ရပ်တွေကိုတော့ ၀န်မခံ ဥပဒေအရ အရေးမယူပဲ ပြည်သူတွေ
ကိုတော့ ဥပဒေအရအရေးယူမယ်ပြောတာ တရားမျှတမှုရှိရဲ့ လား ခင်ဗျာတို့ ပြောသလို ယဉ်ကျေး
စွာနဲ့  ဝေဖန်ပါတယ်။ အစိုးရ၀န်ကြီးတွေ ပြည်သူတွေကို ဆော်ကာတာ  ပုဂ္ဂိုလ်ရေးပြောခဲ့တဲ့အမှား
တွေကို အရေးယူပေးပါ။ အထောက်အထားအချက်အလက်နဲ့ ပြောရရင် နိုင်ငံရေးသမားတွေကို
နယ်လှည့်ပါးရိုက်လို့ ရတယ်ဆိုတဲ့ ၀န်ကြီးဦးအုန်းမြင့်၊ ရွှေလက်နဲ့ ရယ် ခေါ်မရ ဘူးလက်(ကျဉ်ဆံ)
လွှတ်မယ်ဆိုတဲ့ ၀န်ကြီးဦးလှရွှေ၊ ဖွဲ့ စည်းပုံမပြင်ဆင်ရေး လက်မှတ်တုနဲ့ ၁သိန်းကျော်လိမ်တဲ့ ဦးအောင်သိန်းလင်း စတဲ့ဝန်ကြီးတွေက ပြည်သူတွေကို ဆော်ကားခဲ့တာတွေလည်း အရေးယူ
ပေးပါ။အစိုးရက ဥပဒေကို မလေးစားရင် ပြည်သူကလည်း လေးစားမှာမဟုတ်ဘူး။ 

မြသိန်း