Tuesday, March 3, 2015

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း လက်ပံတန်းမြို့ မှ စတင်ထွက်ခွာ



၃-၃-၂၀၁၅
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း နံနက် ၁၁ နာရီကျော်မှာ ဘုန်းကြီးကျောင်းထဲက စထွက်လာ
ခဲ့ပါတယ်၊၊ ရဲတွေကရှေ့ တန်းမှာ ရဲမေတွေကို  ရဲအင်အားပြည့်နဲ့   ၃ဆင့် ကာရံထားတာတွေ့ ရပါတယ်။
သပိတ်မှောက် ကျောင်းသားတွေကို ရှေ့နောက်နှစ်ဖက် ပိတ်ဆို့တားဆီးပြီး လူစုခွဲခိုင်းနေပါတယ်။
အသံချဲ့စက်နဲ့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၁ အရ အရေးယူမယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေဟာ ရဲ့ ရင့်တဲ့စိတ်ဓါတ်နဲ့  ကျောင်းသားသီချင်းတွေကို သံပြိုင်ရွတ်ဆိုရင်း
တပြည်းဖြေးနဲ့  ရှေ့ တက်ဖို့ စီစဉ်ထားပြီး အတားအဆီးအန္တရယ်များကို ဖြတ်ကျော်ကြမယ်လို့ 
ဆိုပါတယ်။ရွှေဝါရောင်သံဃာတော်များလည်း ရှေ့ တန်းမှ ပူးပေါင်းပါဝင်နေတာတွေ့ ရပြီး
ပြည်သူများက လာရောက်အားပေးနေကြပါတယ်။ ပြည်သူတွေကတော့ လုံခြုံရေးရဲတွေ
အကြမ်းဖက်မှာကို စိုးရိမ်နေကြတယ်လို့  သိရပါတယ်။