Sunday, March 29, 2015

၂၀၁၅ နှစ် သင်္ကြန်ပွဲတော်မှာ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေး ရေချိန်မြှင့်တင်မည်

၂၉-၃-၂၀၁၅
၂၀၁၅ နှစ် သင်္ကြန်ပွဲတော်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံရေး ရေချိန်မြှင့်တင်ကြဖို့  ဒီမိုကရေစီ
ရေးလှုပ်ရှားသူတွေက ကြိုးစားနေကြပါတယ်။ သံချပ်များ၊တေးသီချင်းများ၊ရုပ်ပုံကားချပ်များ၊စာတန်း
များနဲ့  ရေပက်ခံတွက်ကြမယ်လို့ သိရပါတယ်။၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့ 
နဲ့ တိုက်ဆိုင်နေတာဖြစ်လို ဗိုချုပ်အောင်ဆန်းကို ထင်ဟပ်စေတဲ့ တေးသီချင်းတွေ များပြားလာနေ
တာကိုတွေ့ ရပါတယ်။

၂၀၁၅ နှစ် မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးဟာ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီး
 အာဏာရှင်တဖြစ်လဲ လူတစ်စု ဒီမိုကရေစီနှင့် စစ်မှန်တဲ့ ဒီမိုကရေးစီကို လေးစားကြတဲ့ ပြည်သူတွေအကြား စစ်အာဏာရှင်တွေက ဖြေးဖြေးရှော့ချတဲ့ပုံစံနဲ့ မိမိတို့ အာဏာဆက်လက် တည်မြဲရေးကို ကြိုးစားနေချိန်မှာ ပြည်တွင်းပြသနာများဖြစ်တဲ့ တောင်းဆို ဆန္ဒထုတ်ဖော်မှုတွေ၊ မီဒီယာအခွင့်အရေး၊အလုပ်သမား လယ်သမား ဆန္ဒပြသူတွေနှင့် ကျောင်းသား ဒီမိုကရေစီပညာရေး တောင်းဆိုမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ပြသနာတွေနဲ့  ၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်မှာ မြန်မာ့နိုင်ငံ
ရေးဟာ ရှုပ်ထွေးလာနေပါတယ်။

၂၀၁၅ဟာ အရေးကြီးတဲ့နှစ်တစ်ခုဖြစ်တယ်လို့  နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့  ပြည်သူများက အာရုံစိုက်
လာချိန်မှာ ရွေးကောက်ပွဲကော်မရှင် ၊ သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ် တို့ က လွတ်လပ် တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကြီး စနစ်တကျနဲ့ ရိုးသားစွာပါဝင်ပြီးမြောက်စေ ဖို့အတွက် အဓိကလိုအပ်တာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တယ်လို့  ပြောကြား
ထားပါတယ်၊၊ရွေးကောက်ပွဲကို နိုဝင်ဘာလ လဆန်းပိုင်းမှာ ကျင်းပပေးမယ်လို့  ကတိပြုထား
ပါတယ်။

အဓိကကတော့ အတုအယောင်ဒီမိုကရေစီနဲ့  တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပြည်သူ
တွေဟာ မတရားမှုများနဲ့  ဖမ်းဆီး နှိမ့်စက်ခြင်းကိုခံနေကြရပြီး ခရိုနီတွေရဲ့  လက်ဝါးကြီးအုပ် စီးပွား
ရေးစနစ်ကြောင့် ဖွံ့ ဖြိုးတိုးတက်မှုအားနည်းနေရပြီး တိုင်းပြည်တိုးတက်သင့်သလောက်မတိုးတက်ပဲ
နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရပ်တန့် နေရတာဟာ ဒီအာဏာရှင်အစိုးရကြောင့် ဖြစ်တယ်ဆိုတာ
သိကြရမယ်။ဒီရွေးကောက်ပွဲမှာလည်း ရက်စက်ကြမ်းကျုပ်တဲ့ အစိုးရကို ဖယ်ရှားပြီး ပြည်သူတွေ
လိုလားတဲ့ လူထုခေါင်းဆောင်ကို တင်မြှောက်နိုင်မှ စစ်မှန်တဲ့ဒီမိုကရေစီကို ရရှိနိုင်မှာဖြစ်ပါတယ်။

မြသိန်း