Sunday, March 22, 2015

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပြောင်းလဲရေးသည် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့  မလျှော့သော ဇွဲလုံးလ ၀ီရိယ အပေါ်မှုတည်

၂၂-၃-၂၀၁၅
မြန်မာ့စစ်တပ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အဓိက အရေးပါတဲ့နေရာက  ဆက်ရှိနေမယ်လို့  သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားမြစ်ချက်တွေ
ဟာ လည်း ဖွဲ့ စည်းပုံအရသာ လွှတ်တော်ကနေပြင်ဆင်ရမယ်လို့ ဘီဘီစီ  World Serviceနဲ့ ပြုလုပ်တဲ့ ရုပ်သံ အင်တာဗျူးမှာ ပြောပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ မညီသည့်အပြင် ခေတ်စနစ်နဲ့ လည်း
ကိုက်ညီမှုမရှိ အင်္ဂလိပ်ခေတ်က ဥပဒေများလည်းပါဝင်နေတယ်ဆိုတာ ပြည်သူတွေသိကြပါတယ်။
သမ္မတကြီးကိုယ်တိုင်ကလည်း ခေတ်နှင့်အညီပြောင်းလဲရမယ်လို့ ဆိုထားပါတယ်။၂၀၀၈ ဖွဲ့ စည်းပုံ
နဲ့ ကတော့ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ သွားဖို့  မလွယ်ပါဘူး။မပြင်ဘူး
ဆိုရင် ငြိမ်းချမ်းရေးနဲ့  အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးမှုတွေကို ထိခိုက်လာနိုင်ပါတယ်။ ကတိ
မတည်တဲ့ အစိုးရရဲ့  ရှေ့ မှာလက်မှတ်ထိုးနေပြီး နောက်မှာ စစ်ပွဲတွေဖြစ်နေတာတွေ့ ရပါတယ်။
 ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့ စည်းပုံဟာ လိုအပ်လျှင် လွှတ်တော်မှာဆွေးနွေးပြီး ပြည်သူ့ ဆန္ဒနှင့်
အညီပြင်ဆင် ပြောင်းလဲကြတာဖြစ်ပါတယ်။ဖွဲ့ စည်းပုံမပြင်နိုင်ရင် စစ်တပ်ကနိုင်ငံရေးမှာ အဓိက အရေးပါတဲ့နေရာက  ဆက်လက်ပါဝင်နေမှာ သေချာပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ သပိတ်မှောက် ကျောင်းသူ ကျောင်သားတွေကို အစိုးရက တရားစွဲဆိုမှုတွေ မလုပ်ပါဘူးဆိုပြီး ကတိပေးလက်မှတ်ရေးထိုးခဲ့ပါတယ်။သို့ သော် ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်တဲ့
 ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပုဒ်မ ၁၈ တပ်ပြီး ပုဒ်မအမျိုးမျိုးနဲ့  ဖမ်းဆီးထိမ်းသိမ်းထားတာဟာ အစိုရရဲ့  ကတိမတည်မှုကို ထင်ရှားစေခဲ့ပြီး၊ ငြိမ်းချမ်းရေးနဲ့  အပစ်အခတ်ရပ်ဆဲရေးဟာလည်း ပျက်လိုက် ဆွေးနွေးလိုက်နဲ့  ပြည်သူတွေဟာ သံတယတွေရှိနေပြီး အစိုးရကို အယုံအကြည်မရှိ   ဖြစ်ကြပါတယ်။သေချာတာတစ်ခုကတော့ အစိုးရရဲ့ အကြမ်းဖက်မှုကြောင့် ကျောင်းသားနဲ့ ပြည်သူတွေ
ဟာ  ကြံခိုင်ဖွံ့ ဖြိုးရေးပါတီကို မဲပေးကြမှာ မဟုတ်ဘူး၊၊လက်ရှိဖိနှိမ့်အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ဆိုးကြီး
ကို ခါးခါးသီးသီးမုန်းနေကြပါပြီ၊သမ္မတကြီးက နောက်တခေါက်ရွေးချယ်ခံရမယ်ဆိုရင် ပြည်သူတွေ ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်ပေးမယ်ဆိုဒါကလည်း ယုဒ်တိမရှိပါဘူး၊ နှစ်ပေါင်း ၆၀ နီးပါး အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး အခုချက်ချင်းဆင်းရဲမွဲတေမှု မပပျောက်နိုင်ပါဘူး။ ဆင်းရဲသူအလုပ်သမား
တွေ အခြေခံလစာတိုးမြှင့်ပေးဖို့  ဆန္ဒပြ တောင်းဆိုသူတွေကိုတောင် မပေးပဲ ဖမ်းဆီးအရေးယူ
ထောင်ချနေပြီး မဲရရှိဖို့ အတွက် လိမ်ဆင်တွေခင်း မဲဆွယ်နေတာ ပြည်သူတွေသိကြပါတယ်။

လက်ရှိအစိုးရ ဆက်ပြီးအုပ်ချုပ်မယ်ဆိုရင် ပြည်သူတွေဟာ ယခုထက်ပိုပြီး ဖိနှိမ့်မှုတွေခံရနိုင်ပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းလဲ ရောက်မှာမဟုတ်သလို ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း
ရဖို့ မလွယ်ပါဘူး၊၊ ပြည်သူတွေအနေနဲ့  မိမိတို့ ခံစားနေရတဲ့ အခြေအနေအားလုံး ပြောင်းလဲချင်လျှင်
တုနှိုင်းမရနိုင်တဲ့ ပြောင်းလဲမှုကြီးတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မှ အရာရာအားလုံး ပြောင်းလဲနိုင်မှာ
ဖြစ်ပါတယ်။ယနေ့ အချိန်အထိမရှိခဲ့ဘူးသေးတဲ့ တစ်ကပြန်စမဲ့ အစိုးရအဖွဲ့ အစည်းသစ်တစ်ခု ပေါ်
ပေါက်လာအောင် ရွေးချယ်ကြပြီး ပြည်သူဆန္ဒနှင့်အညီ ဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်တဲ့ အရပ်သားအစိုးရ
 ပေါ်ထွန်းလာရေး၊ စစ်မှန်တဲ့  ဖက်ဒရယ် ဒီမိုကရေစီစနစ် ပြောင်းလဲရေးသည် ပြည်သူတွေရဲ့ 
စည်းလုံးညီညွတ်မှုနှင့် မလျှော့သော ဇွဲလုံးလ ၀ီရိယ  အသိဥာဏ်နဲ့  ခွန်အားစိုက်ထုတ်မှု အပေါ်မှုတည်နေပြီး ကျောင်းသားတွေကတော့ အစိုးရရဲ့  အတုအယောင်ဒီမိုကရေစီအရေခြုံကို
ကမ္ဘာကသိအောင်ခွာချပြခဲ့လို့  တာဝန်ကျေပါတယ်။ပြည်သူတွေက ညီညွတ်ဖို့ နဲ့  ၀ိုင်းဝန်းကြိုးပမ်းကြ
ဖို့ လိုပါတော့တယ်။

မြသိန်း