Wednesday, March 18, 2015

မြန်မာ့နိုင်ငံရေး မြှင့်တက်လာမှုနှင့် လူငယ်တွေရဲ့ အမြင်

၁၈-၃-၂၀၁၅
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲ မသမာမှုများဖြင့်
တက်လာသော ဦးသိန်းစိန်အစိုးရ၏ စီမိုကရေစီပြုပြင်ပြောင်းလဲရန်ကြိုးစားမည်ဟု ပြောဆိုခဲ့ပြီး
သန့် ရှင်းသောအစိုးရ  ကောင်းမွန်သောအစိုးရအဖြစ် လုပ်ဆောင်သွားမယ်လို့  ပြောထားသော်လည်း ယနေ့ အချိန်မှာ မြန်မာ့ဒီမိုကရေစီဟာ သံတယများစွာဖြင့် ပြည်သူတွေက ဝေဖန်လာနေကြပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးပြသနာများ၊ စီမံကိန်းလုပ်ငန်းများ၊လယ်ယာမြေ
သိမ်းဆီးခံရမှု ပြသနာများ၊အလုပ်သမား ပြသနာများ၊ကိုပါကြီးနှင့် ဒေါ်ခင်ဝင်း မတရားအသတ်ခံရမှု၊
ဒီမိုကရေစီပညာရေး တောင်းဆိုသော ကျောင်းသားများကို အကြမ်းဖက်ဖြေရှင်းမှု စသည့်ပြသနာများ
ကို စစ်အာဏာရှင်စနစ်တုံးကလို အကြမ်းဖက်ဖြေရှင်းခဲ့မှုကြောင့်  လူ့ အခွင့်အရေးချိုးဖေါက်မှုများစွာ
 ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာ အထောက်အထားများက ထင်ရှားစွာတွေ့ မြင်နေရပါတယ်။

မောင်သက်ဆွေ( လက်ပံတန်း)
ကျွန်တော်သည် အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ပံတန်းမှာ ဖြစ်ခဲ့တဲ့ 
ဒီမိုကရေစီပညာရေး တောင်းဆိုသော ကျောင်းသားများကို အကြမ်းဖက်ဖြေရှင်းမှုများကို ကိုယ်တိုင်
တွေ့ မြင်ခဲ့ရပါတယ်။ တကယ်တော့ ကျောင်းသားများရဲ့ ပညာရေးဆိုတာ မြှင့်တင်ဖို့ လိုအပ်ပါတယ်။
မလိုအပ်တဲ့ ရဲအင်အားကိုသုံးပြီး လူငယ်ကျောင်းသားများကို အကြမ်းဖက်ဖြေရှင်းခဲ့တဲ့ မြင်ကွင်း
ဟာ အင်မတန်မှဘဲ ၀မ်းနည်းစိတ်မချမ်းမသာဖြစ်ရပြီး မခံချင်စိတ်များလည်းဖြစ်ခဲ့ရပါတယ်။
လူကြီးနဲ့ လူငယ် အသက်ကြီးသူက လူငယ်တွေကို မတရားရိုက်နက် ဆောင့်ကန် ဖိနှိပ့်ခဲ့တဲ့
မြင်ကွင်းဟာ ယနေ့ အချိန်အထိ မျက်စိထဲမှာ မြင်ယောင်နေပြီး စိတ်ချောက်ချားမှုများခံစား
ခဲ့ရပါတယ်။အစိုးရဟာ ကျောင်းသားတွေကို ရက်ရက်စက်စက် လုပ်ရက်တယ်လို့  ခံပြင်းမိပါတယ်။

မြသက်ထား (ရန်ကုန် သာကေတ)
ကျမကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦးပါ ကျမတို့ ရဲ့ ပညာရေးဟာ မရေရာမသေချာတဲ့ ပညာရေး
ဖြစ်နေပါတယ်။ ဘွဲ့ ရပြီး အလုပ်အကိုင်တွေရှားပါးနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေဟာ ကျရာအလုပ်
ကို လုပ်နေကြရပါတယ်။ ရည်ရွယ်ချက်တွေရှိသော်လည်း ဘာမှဖြစ်မလာခဲ့ပါဘူး။တိုင်းပြည်
ကြီးဟာ ဘက်ပေါင်းစုံက နှိမ့်ကျနေပြီး ပညာရေးစနစ်တောင် ကောင်းကောင်းမရှိတာကိုတွေ့ ရပါတယ်။
ကျောင်းသားတွေရဲ့  ဘ၀ဟာ မိဘတွေက ငွေအကုန်ကျခံပြီး ပညာသင်ကြားပေးသော်လည်း ပညာနဲ့ 
အသက်မွေးဝမ်းကြောင်း ရှာစားဖို့  အလုပ်အကိုင်တွေ ရှားပါးပါတယ်။ ဒီမိုကရေစီပညာရေးဟာ
ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆင့်မြှင့်ပညာရေးစနစ်ဖြစ်တာကြောင့် ထောက်ခံပါ
တယ်။ရဲတွေရဲ့  အကြမ်းဖက်မှုကို ကန့် ကွက်ပါတယ်။

အောင်ငြိမ်းချမ်း ( ရန်ကုန် တာမွေ)
ကျွန်တော့အသက် ၁၅ နှစ်ဖြစ်ပါတယ်။ ပညာရေးကတော့ ညံ့တယ် အထက်တန်းပညာ သင်ကြား
နေပါတယ်။ မိဘတွေက လက်လုပ်လက်စားတွေဖြစ်လို့  မိဘတွေကိုကူညီရပါတယ်။ငွေမရှိလို့ 
ကြူရှင်မတက်နိုင်ဘူး စာမေးပွဲလည်းကျတယ်။ မိဘကတော့ အလုပ်အကိုင်လုပ်ဖို့ ဘဲပြောတယ်။
ကျွန်တော်ကတော့ ကျောင်းတက်ချင်သေးတယ်။ပညာရေးဟာ ဘ၀အတွက်အရေးကြီးတယ်။
ပညာမတတ်ရင် မျက်နှာငယ်ရတယ်။ပညာရေးဟာ အဆင့်မြှင့်မြှင့်ဖြစ်သင့်တာပေါ့ ဒီမိုကရေစီ
ပညာရေးဆိုတာ နားမလည်ပေမဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးဟာ ရှိသင့်တယ်။ ကျောင်းသား
တွေကို ရဲတွေက အကြမ်းဖက်ရိုက်နှက်တာတွေကို အင်တာနက်မှာ ကြည့်ရတယ် စိတ်မကောင်း
စရာပဲ အစိုးရက ရက်စက်လွန်းတယ်ဗျာ ဒီအစိုးရဟာ စိတ်နာဖို့ ကောင်းတယ်။

ဒီမိုကရေစီပညာရေး တောင်းဆိုသော ဗကသနဲ့  တကသ  ကျောင်းသားများရဲ့  အဖွဲ့ ဝင်များ
 မြန်မာပြည်အနှံမှာရှိနေပြီး အမြို့ မြို့ အနယ်နယ်က ကျောင်းသားလူငယ်များဟာ မန္တလေးမှ ချီတက်
လာသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကျောင်း လက်ပံတန်းမှာ ပိတ်ပင်ခံနေရစဉ် လာရောက်
ပူးပေါင်းခဲ့ကြပါတယ်။ ပင်မသပိတ်စစ်ကြောင်း ချီတက်လာသော လမ်းတလျှောက်မှာ ကျောင်းသား
များနှင့် ပြည်သူများက ၀န်းရံကြိုဆိုခဲ့ကြတယ်။လက်ပံတန်းမှာ ၁၀-၃-၂၀၁၅ ခုနေ့ က ရဲတွေရဲ့ 
အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ရိုက်နက် ဖမ်းဆီးမှု မြင်ကွင်းများကိုကြည့်ပြီး ပြည်သူတွေနဲ့  နိုင်ငံတကာက
တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ရဲရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကိုကြည့်ပြီး အတိတ်ကဖြစ်ခဲ့တဲ့ အနိဌာရုံ
မြင်းကွင်းများက ပြန်လည်မြင်ယောင်စေခဲ့ပြီး လက်ရှိအခြေအနေဟာ အာဏာရှင်စနစ်ဆိုးကြီးထဲမှ
ရုန်းမတွက်နိုင်သေးဘူးဆိုတာ ပြည်သူတွေနဲ့  နိုင်ငံတကာက မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရပါတယ်။

ကျောင်းသားတွေကို ရဲတွေက နံပါတ်ဒုတ်တွေနဲ့ ရိုက်နက်အကြမ်းဖက်ခဲ့ပြီး ဖမ်းဆီးခံကျောင်းသား
တွေကိုလည်း ရိုက်နက်ခဲ့ကြတယ်လို့  မျက်မြင်သက်သေတွေနဲ့  ကာယကံရှင်တွေက သတင်းစာ
ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ဒါတွေဟာ ကျောင်းသားတွေအဖို့  နာကျဉ်းစွာခံလိုက်ရတဲ့
ဒီမိုကရေစီပညာရေး သပိတ် ကျောင်းသားများရဲ့  သမိုင်းတစ်ခုဖြစ်စေခဲ့ပါတယ်။လူငယ်တွေဟာ
မိမိတို့ ရဲ့ ပညာရေးစနစ်ကို မိမိတို့  ကိုယ် လက်နဲ့ ရင်းပြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။မြန်မာနိုင်ငံက
လူငယ်အများစုဟာ ဒီမိုကရေစီပညာရေးစနစ်ကို ထောက်ခံအားပေးကြပြီး သမိုင်းကပေးတဲ့ သပိတ်
တိုက်ပွဲမှာ ထဲထဲဝင်ဝင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါတယ်။လူငယ်တွေရဲ့  နိုင်ငံရေးအမြင်
ကတော့ မြှင့်တက်လာနေတာကို တွေ့ ရပါတယ်။

မြန်မာ့နိုင်ငံရေးဟာလည်း လက်ရှိအစိုးရရဲ့  ဒီမိုကရေစီအရေခြုံထားတာကို ခွာချနိုင်ခဲ့ပြီး ကတိမတည်
တရားဥပဒေမဲ့ အစိုးရရဲ့ လုပ်ရပ်များကို ပြည်သူနဲ့ နိုင်ငံတကာက ရှုံ့ ချကြကာ  လက်ရှိအစိုးရကို
အယုံအကြည်မဲ့လာနေကြပါတယ်။၂၀၁၅ မှာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းလာ
စေဖို့ ၊တရားဥပဒေစိုးမိုးရေးရရှိဖို့ ၊ လူ့ အခွင့်အရေး၊ ကျောင်းသားအခွင့်အရေးရရှိဖို့  လူငယ်
တွေဟာ စိတ်အားထက်သန်လာပြီး  နိုင်ငံရေးကို စိတ်ဝင်စားစွာ လေ့လာနားစွင့် လာနေကြခြင်းဟာ ဒီမိုကရေစီပညာရေး သပိတ်၏ ရလဒ်တစ်ခုအဖြစ် ရှု့ မြင်နေကြပါတယ်။

မြသိန်း