Tuesday, March 17, 2015

လေးပွင့်ဆိုင်ဆွေးနွေးရေး၏ ကတိပြုချက်များကို လေးစားသောအားဖြင့် ဖမ်းဆီးခံနေရသော ကျောင်းသားများနှင့် ပြည်သူများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လိုအပ်


၁၇-၃-၂၀၁၅
အမျိုးသားလွှတ်တော်မှာ ၁၆-၃-၂၀၁၅ နေ့ ကကျင်းပတဲ့ ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေး
 ကြားနာပွဲကို NNER ၏ ကြိုးပမ်းမှုဖြင့် လွှတ်တော်မှာ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို 
  ပြန်လည်ဆွေးနွေးခွင့် ရရှိခဲ့ပြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဗကသ အဖွဲ့ဝင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ 
ကိုမင်းသွေးသစ် စတဲ့ ဗကသ ခေါင်းဆောင်တွေ ဖမ်းဆီးခံ ထားရတဲ့အတွက် ကြားနာပွဲကို မတက်ရောက်ခဲ့ကြပါဘူး။ဆန္ဒပြကျောင်းသားများနှင့် ထောက်ခံသူများ ၁၂၇ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့ပြင် လူအမြောက်အမြားလည်း ဒဏ်ရာရရှိခဲ့ကြသည်။

ဆွေးနွေးပွဲမှ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရှိရေး၊ တိုင်းရင်းသားမိခင်ဘာသာစကားသင်ကြားခွင့်
ရရှိရေး၊ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်သို့ ရမှတ်မလိုဘဲ ၀င်ခွင့်စာမေးပွဲဖြေဆိုတက်ရောက်နိုင်
ရန် စသည့်အချက်များ အပါအ၀င် အချက် ၄၀အား ကျောင်းသားများနှင့် မျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်သည့် ဥပဒေကြမ်းကြားနာပွဲတွင် သဘောတူညီမှုရရှိခဲ့ကြောင်း 
သိရှိခဲ့ရပါသည်။

လွှတ်တော်မှာ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကိုတရားဝင် ပြန်လည်ဆွေးနွေးကြသည့်
အတွက် နှစ်ဘက်စလုံးညှိနှိုင်းမှုများရှိလာနိုင်ပြီး အလားအလာကောင်းများလည်း
 ဖြစ်လာနိုင်ပါသည်။သို့ သော်လည်း ၁၁-၂-၂၀၁၅ ရက်နေ့ ကကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများ၊ငြိမ်းချမ်းရေးစင်တာ၊NNER အဖွဲ့ ဝင်များနှင့် ဆွေးနွေးခဲ့စဉ် (ဒီမိုကရေစီ
ပညာရေးသပိတ်တွင်ပါဝင်သူ မည်သူ့ ကိုမှ သပိတ်နှင့်ပါတ်သက်ပြီး အရေးယူခြင်းမပြုရ ကိစ္စနှင့်ပါတ်သက်၍ ဒီမိုကရေစီပညာရေးသပိတ်တွင်ပါဝင်သူ   ကျောင်းသား ကျောင်းသူများနှင့် 
အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့်ပါတ်သက်ပြီး အရေးယူခြင်းမပြုရဟု 
သဘောတူခဲ့ကြပြီး ပူးတွဲထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုး ထားကြသည်။) အစိုးရအနေဖြင့် ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် မိမိတို့ ပြုခဲ့သော ကတိက၀တ်များကိုပြည်သူများမှ
 အထင်အမြင်မသေးရလေအောင် ယခုပြုလုပ်လျှက်ရှိသော အမျိုးသားလွှတ်တော်တွင်း ဆွေးနွေးမှု
များကို အသိအမှတ်ပြုသောအားဖြင့် အကြမ်းဖက်နှိမ်နင်းခံခဲ့ရသော ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးပြီး ဆွေးနွေးပွဲတွင် ပါဝင်ပါတ်သက်ရန်လိုအပ်ပေသည်။ 

သန့် ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရဟု ကြွေးကြော်ထားသော ဦးသိန်းစိန်၏ အကြမ်းဖက်မှုလုပ်ရပ်သည် အရုပ်ဆိုးအကျဉ်းတန်စေပြီး ပြည်သူများစိတ်ထဲတွင် နာကြီးမှုများဖြစ်ပေါ်စေသောကြောင့် အပစ်မဲ့ကျောင်းသား ပြည်သူများကို ပြန်လွှတ်ပေးပြီး 
ဒီမိုကရေစီပညာရေးဆွေးနွေးပွဲများတွင် ပါဝင်စေခြင်းဖြင့် အစိုးရ၏ ပေးထားသော ကတိက၀တ်များကို ပြန်လည်အသက်သွင်းရာလည်ရောက်ပြီး ဂုဏ်သိက္ခာရှိရှိနှင့် ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။ 

မြသိန်း