Tuesday, March 10, 2015

မန္တလေး မဟာလောက ရန်နှိမ်အောင်တော်မူ မြတ်စွာဘုရား နမိတ်တော်ပြ

၁၀-၃-၂၀၁၅
မန္တလေးချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ် ၂၈လမ်းနှင့် ၂၉ လမ်းကြား၊ ၆၁ လမ်းရှိ
မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ညာဘက်မျက်လုံးတော် မတ် ၆ ရက်မွန်းလွဲ
 ၁ နာရီ ခွဲခန့်က ပွင့်တော်မူခဲ့သဖြင့်ဘုရားဖူး လာပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း
သိရှိရပါသည်။
မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ညာဘက်မျက်လုံးတော်ပွင့်ကာ မျက်နှာတော်
မှာလည်းပြုံးနေသည့်အတွက် စိတ်နှလုံးကြည်နှုးတဲ့အခါ တွေ့ ရတဲ့ မျက်နှာတော်ဖြစ်တယ်လို့ 
ဆိုကြပါတယ်။အလွန်သပ္ပါယ်ကြည်နှုးဖွယ်ကောင်းသောကြောင့် တွေ့ ရခဲတယ်လို့  ရှေ့ လူကြီး
များက ပြောကြပါတယ်။နမိတ်ကောင်းများ ပေါ်လာနိုင်တယ်လို့  ဗေဒင်အရသိရပါတယ်။

မန္တလေး ပုဏ္ဏားကုန်းမှ ဗေဒင်ဆရာတစ်ဦးက မဟာလောကရန်နှိမ်အောင်တော် မူမြတ်စွာဘုရား
ညာဘက်မျက်လုံးတော်ပွင့်ကာ မျက်နှာတော်ပြုံးနေသည့်အတွက် ၂၀၁၅ ခုနှစ်ဟာ ထူးခြားတဲ့
နှစ်တစ်ခုဖြစ်နိုင်တယ်ဟု ဆိုပါတယ်။  မြန်မာနှစ်သစ်ကူး သင်္ကြန်စာ ဗေဒင်အရ အပြောင်း
အလဲဖြစ်လာနိုင်ဖွယ်ရှိသော နှစ်တစ်နှစ်ဖြစ်ပြီး အခက်အခဲအမျိုးမျိုးရှိသော်လည်း လူထုအားဖြင့်
အကောင်းဆုံးရလဒ် ထွက်ပေါ်လာနိုင်သည်ဟုဆိုသည်။
 
ပြည်သူအများက မဖြစ်နိုင်ဟု ယူဆနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မှု၊ ၅၉ (စ)
 ပြင်ဆင်မှုများကို ဗေဒင် ဆရာများ၏ တွက်ချက်မှုတွင် ၂၀၁၅ ၌ ပြင်ဆင်ရေးဖြစ်လာနိုင် 
စရာရှိနေသည်ဟု တွက်ချက်ရကြောင်း ဆရာစံဇာဏီဘိုနှင့် ဦးဇေယျာကို တို့က ခန့်မှန်းထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်လာနိုင်ဖွယ်ရှိသောလည်း အခက်
အခဲများရှိနိုင်သည်ဟု ဟောထားသည်။

လာမည့် သင်္ကြန်အကြိုနေ့ တွင် သင်္ကြန်ပန်းနှင့်အတူ နှင်းဆီပန်းကိုပေါင်း၍ တာကြိုခြင်းဖြင့်
မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ ဖွံ့ ဖြိုးတိုးတက်အောင်မြင်ကြမည်ဖြစ်ပြီး မိမိတို့ လိုရာဆုနှင့် 
ပြည့်စုံကာ ထူးခြားသော တိုင်းပြည်၏ စနစ်တစ်ခု အပြောင်းအလဲဖြစ်နိုင်သည်ဟု ဗေဒင်ဆရာများ
ကဆိုကြသည်။

မြသိန်း