Thursday, February 12, 2015

မနက်ဖန် ကျရောက်မည့် ဗိုလ်ချုပ်ရာပြည့်အခမ်းအနား (နတ်မောက်မြို့ )တွင် တိုင်းရင်းသားများနှင့်
ပြည်သူပြည်သားများ စည်ကားသိုက်မြိုက်စွာ
ဂုဏ်ပြုပွဲကျင်းပမည်









၁၂-၂-၂၀၁၅
ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့၌ ကျင်းပလျှက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အကြိုတွင် နိုင်ငံတစ်ဝန်းမှ သောင်းနှင့်ချီသည့် ရဟန်းရှင်လူပြည်သူများ လာရောက်ဂုဏ်ပြုခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ခုနှစ်ဖွဲ့က ရာပြည့်ပွဲစင်မြင့်တွင် ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း 
သိရှိရပါသည်။မနက်ဖန် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့  ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ 
ကို ဗိုလ်ချုပ်အား ချစ်ခင်လေးစားကြသော ကယန်း၊ ကရင်၊ ပအို့ဝ်၊ လီဆူး၊ ကယား၊ ရှမ်းစသည့် တိုင်းရင်းသားမျိုးနွယ်စုများက ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း၊ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားသို့လာရောက်ကြသော ပြည်သူများကလည်း ထိုအကများကို အားပေးခဲ့ကြကြောင်း၊ ထိုဖျော်ဖြေပွဲများအပြင် သဘင်၊ ဂီတဖော်ဖြေပွဲများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။