Friday, February 13, 2015

နက်မောက်မြို့ ဗိုလ်ချုပ်နှစ်၁၀၀ပြည့် ပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆို အားပေးကြ





၁၃-၂-၂၀၁၅
ဖေဖော်ဝါရီ ၁၃မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁ဝဝပြည့်
 မွေးနေ့ပွဲကို ဗိုလ်ချုပ်ရဲ့ဇာတိမြို့ နတ်မောက်မှာကျင်းနေပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သီတဂူဆရာတော်ဘုရားကြီးလည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
မေတ္တာနဲ့သစ္စာကိုအခြေခံပြီး ပူးပေါင်းဆောင်ရွက်နိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အိပ်မက်ဖြစ်တဲ့
ညီညွတ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမယ့်အကြောင်း၊ နတ်မောက်ဟာ
 မြန်မာပြည်ရဲ့အသည်းနှလုံးမှာ တည်ရှိနေသလို ဗိုလ်ချုပ်ရဲ့အမွေကို ဆက်ခံတယ်ဆိုရင် စစ်မှန်တဲ့ ညီညွတ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်သွားကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။