Thursday, February 12, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
သပိတ်မှောက်ကျောင်းသားများနှင့် နှင်းဆီစံအိမ်တွင်
တွေ့ဆုံဆွေးနွေး




နေပြည်တော် ၊ ဖေဖေါ်ဝါရီလ ၁၁ရက်၂၀၁၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသား၊ကျောင်သူများနှင့် aတွ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျောင်းသား၊
 ကျောင်းသူများဘက်က သပိတ်မှောက်ခဲ့တဲ့ အခြေအနေတွေ အမျိုးသားပညာရေးဥပဒေမူကြမ်းပေါ်မှာ သပိတ်မှောက်ကျောင်းသားများရဲ့သဘောထားတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌမှလည်း
 ကျောင်းသားများတင်ပြလာတဲ့ လိုလားချက်များကို ထည့်သွင်းစဉ်းစားပြီး အမျိုးသားပညာရေးဥပဒေ
မူကြမ်း အကောင်းဆုံးဖြစ်အောင် ဘယ်လိုဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမလဲ ဆိုတာကို
 ကျောင်းသားများရဲ့သဘောထားကို မေးမြန်းခဲ့ပြီး သပိတ်မှောက်ကျောင်းသား၊ကျောင်းသူတွေအနေနဲ့
က လိုအပ်နေတဲ့ အကူညီတွေရှိတယ် အဓိက ဥပဒေပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး အကူပေးဖို့
အတွက် တင်ပြခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်တွေ့ဆုံပြီး မွန်းတည့်
၁၂နာရီ ၁၅ မိနစ်ထိကြာမြင့်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ သပိတ်မှောက်ကျောင်းသားများဘက်မှ ကိုကျော်သက် တတိယနှစ် IT (ပုသိမ်နည်းပညာတက္ကသိုလ်)၊မအိမွန်ပိုပို စတ္ထုနှစ် English (ပုသိမ်)၊
ကိုဇေယာလွင် တတိယနှစ် B.Dev.S ( Eco) ရန်ကုန်စီးပွါးရေးတက္ကသိုလ်၊ ကိုရဲဇာနည်ထွန်း ဒုတိယနှစ်
 CT ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကိုဝေမိုးနိုင် စတ္ထုနှစ် Eng မုံရွာတက္ကသိုလ်၊ ကိုပိုင်ရဲသူ တတိယနှစ် သင်္ချာ ဒဂုံတက္ကသိုလ်၊ ကိုမင်းလွင်ဦး B.E Mechanical ထားဝယ်နည်းပညာတက္ကသိုလ်၊ ကိုနန်းလင်း ဒုတိယနှစ် Physics ဒဂုံတက္ကသိုလ်၊ ကိုပြည်ဖြိုဒကျော် တတိယနှစ် Chemistry ပခုက္ကူတက္ကသိုလ်၊ ကိုချစ်ဝင်းမောင် စတ္ထုနှစ် Civil မကွေးနည်းပညာတက္ကသိုလ်၊ ကိုသန့်ဇင်ထွန်း စတ္ထုနှစ် Civil ပြည်
နည်းပညာတက္ကသိုလ် တို့တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။