Thursday, February 12, 2015

ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲမှာ White Card ကိုင်ဆောင်သူများ မဲပေးခွင့် ပြုဘို့ သမ္မတ က ဆန္ဒပြုခြင်းကို အစိုးရအဖွဲ့ မှပယ်ဖျက်

၁၂-၂-၂၀၁၅
ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ဥပဒေ မှာ
White Card များ မဲပေးခွင့် ပြုဘို့ သမ္မ က ဆန္ဒ ပြုခဲ့ပြီး မြန်မာတိုင်းရင်းသား ပြည်သူတွေက လက်မခံ တော့၊ တခါ ထုတ်ပေးထားပြီးသော သက်သေခံလက်မှတ်တွေ သက်တမ်းကို ၂၀၁၅
 မတ်လ ၃၁ ရက် က စပြီး အစိုးရအဖွဲ့ မှ ပယ်ဖျက်ကြောင်း ထပ်မံကြေညာလိုက်ပါတယ်။
ဒီလို ကိုယ်ရှေ့ကလုပ်ပြီး မီးမသေလို့ နောက်ကလိုက်ပြီး အချိုသတ် နေမယ့် အစား နဂို ကထည်းက White Card တွေမဲပေးခွင့် ပြုလိုက်ရင် ပြသနာတက်မယ်ဆိုတာ ကြို မစဉ်းစားတတ် ဘူးလား။ ဒီလို ပြသနာ တက်အောင် အကြံပြုတဲ့ လ ဝ က ဝန်ကြီးကိုကော မထုတ်ပစ်ဘူးလား။ ဒီလို ကြေညာယုံ ကကော တိုင်းပြည် အနာဂါတ်အတွက် လုံလောက်တဲ့ အကာအကွယ်ဖြစ်ရဲ့လား။
၂၀၁၅ ခုနှစ် အတွင်း ကျင်းပမယ့် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒ ခံယူပွဲမှာ ယာယီ အားဖြင့် White Card သမားတွေ မဲထည့်ခွင့်မရနိုင်တော့ပေမယ့် တိုင်းပြည်အနာဂါတ်အတွက်တော့ လုံလောက်တဲ့ အကာအကွယ် မဟုတ်ပါဘူး။ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ နိုင်ငံတော် အချုပ်အခြာ အာဏာ ၃ ရပ် နဲ့ ပတ်သက်သော ကိစ္စ ရပ်များအတွက် နိုင်ငံသားများ၏ ဆန္ဒ သဘောထား ရယူတဲ့ ဆန္ဒ ခံယူပွဲများမှာ နိုင်ငံသားများသာ ရခွင့် ရှိတဲ့ မဲပေးခွင့်ကို နိုင်ငံသား မဟုတ်တဲ့ White Card
 များအားလည်း မဲပေးခွင့် ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်မပြု ကြောင်း အတိအလင်း
 ပြဌာန်း နိုင်ရေးသည် အရေးကြီးပါတယ်။
ထို့ကြောင့် ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ သာမက မည်သည့် ဆန္ဒခံယူပွဲများတွင် မဆို နိုင်ငံသား မဟုတ်သူများ မဲပေးခွင့်မပြုသင့်ပါကြောင်း အလေးအနက် တင်ပြအပ်ပါသည်။
Moe Hein Kyaw
12-02-2015