Sunday, August 17, 2014

ရမည်းသင်းမှာ PR စနစ် အလိုမရှိကြောင်း ဆန္ဒပြ

၂၀၁၄-၈-၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မှာ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း ဒေသခံ လူနှစ်ရာကျော်လောက် ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှား
သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော လူ ၃၀၀ နီးပါးက အချိုးကျ ရွေးကောက်ပွဲစနစ်
ကို လက်မခံကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ
၁၀ နာရီ မိနစ် ၃၀ အထိ ပြုလုပ်ခဲ့ကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။