Saturday, July 12, 2014

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပခုက္ကူမြို့ ခရီးစဉ် လမ်းတလျှောက် သံဃာတော်များနှင့် ပြည်သူများ လှိုက်လှိုက်လှဲလှဲကြိုဆို

၂၀၁၄-၇-၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ကွင်းပြင်မှာ ကျင်းပမယ့် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်နေအိမ်မှ
ပခုက္ကူ မြို့သို့  ထွက်ခွါလာရာ နတ်မောက်မြို့နယ်ပင်းမြို့ ဟောင်းရှိ ရှင်အရဟံပင့်ဆောင်လာသော မဟာဗောဓိရွှေညောင်တော်အား ဝင်ရောက် ဖူးမျှော်ပြီး ဆရာတော်အား ဝါဆိုသင်္ကန်းဆက် ကပ်လှူ ဒါန်းခဲ့သည်။ ထို့ နောက်သပြေညီနောင်သို့  သွားရောက်ကြည့်ရှူ့ ခဲ့ပြီး ရွှေစည်းခုံဘုရား အာနန္ဒာဘုရား သက်တော်ရှည်ဘုရားများသို့ သွား ရောက်ဖူးမျှော်ပြီး ပန်း ၊ ရေချမ်း ၊ဆီမီးများ ဆက်ကပ်ပူဇော်ခဲ့ပါ
သည်။

ခရီးတလျှောက်တွင် မြို့  နယ်များကို ဖြတ်ကျော်လာရာ လမ်းတလျှောက် သံဃာတော်များနှင့် ပြည်သူ
များက ၀မ်းမြှောက်ဝမ်းသာ ကြိုဆိုကြသည်ကို ဓါတ်ပုံမြင်ကွင်းများမှ သိမြင်နိုင်ပါသည်။ 

NLD