Saturday, July 12, 2014

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒမြှင့်တက်လာကြောင်း ပခုက္ကူမြို့ ကသက်သေပြနေ


၂၀၁၄-၇-၁၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ကွင်းပြင်မှာ ကျင်းပတဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်အား ပခုက္ကူအနီးရှိ မြို့ ရွာ
များမှ ဒေသခံပြည်သူများသည် မနက်စောစောထဲက ကွင်းထဲသို့  တဖွဲဖွဲရောက်ရှိလာကြပြီး
သိန်းနှင့်ချီသော လူထုကြီးမှ ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်းကို နားထောင်ရန် တက်ရောက်
လာကြသည်။သံဃာတော်များ အလုပ်သမား၊လယ်သမား၊ကျောင်းသားများနှင့် မြို့ မိမြို့ ဖများမှ တက်ရောက်အားပေး ထောက်ခံခဲ့ကြသည်ဟု သိရှိရပါသည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် မတရားတဲ့ ဥပဒေတွေနဲ့  ပြည်သူတွေအပေါ် အုပ်ချုပ်
မှုတွေကို ပြည်သူအများစုက သိရှိလာနေကြသည်။လယ်သိမ်း ယာသိမ်းကိစ္စများ၊ဘိုးဘွားပိုင်
မြေများ သိမ်းခံရမှု၊ဘုန်းကြီးကျောင်းများ မတရားသိမ်း၍ နှင်ထုတ်ခံရမှု၊ကျောင်းသားများအပေါ်
ပညာရေးဖိနှိပ်မှု၊အလုပ်သမား လယ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရမှု၊မိဒီယာ သတင်း
လွတ်လပ်ခွင့် ၊လူ့ အခွင့်အရေး၊တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများ ဆုံးရှုံးနေရမှု
ပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းဇိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းမရှိ စသည့်
ဥပဒေစိုးမိုးမှုမရှိသော အာဏာရှင် အုပ်ချုပ်ရေးစနစ်ကြောင့် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ နေရ
သည်ကို ပြည်သူများသိရှိလာနေကြသည်။ ထိုကြောင့် လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ဒီမိုကရေစီ
စံချိန်စံနှုန်းနှင့်မညီညွတ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများနှိုးကြားလာနေပြီး 
 ပြည်သူ့ ဆန္ဒမြှင့်တက်လာကြောင်း ပခုက္ကူမြို့ ကသက်သေပြလျှက်ရှိသည်။

မြသိန်း